ဗြိတိန်၏ အကြီးမားဆုံး လေယာဉ်တင် သင်္ဘောကြီးနှစ်စင်း ပုံစံငယ်ကို ထုတ်ပြ

alt

အ နာဂါတ် ဗြိတိသျှ ရေတပ်မတော်၏ ခေတ်အမီဆုံးနှင့် အကြီးမားဆုံး ဖြစ်လာမည့် လေယာဉ်တင် သင်္ဘောကြီးနှစ်စင်း၏ ပုံစံငယ်ကို တရားဝင် ထုတ်ဖော်ပြသလိုက်ပြီဖြစ်သည်။ ဆောက်လုပ်နေဆဲ ဖြစ်သော အဆိုပါ သင်္ဘောကြီးများသည် စစ်သင်္ဘောများ အဖြစ် တိုက်ခိုက်ရေး တာဝန်ကိုပါ ပူးတွဲထမ်းဆောင်နိုင်မည်ဖြစ်ပြီး

ဗြိတိသျှ ကာကွယ်ရေး ၀န်ကြီးဌာန၏ ရည်မှန်းချက် ကြီးကြီးမားမား ထားရှိခြင်းကို ခံထားရသော ခေတ်မီ သင်္ဘောကြီးများ ဖြစ်သည်။ လေကြောင်းထိန်းသိမ်းရေး မျှော်စင်နှစ်ခု ပါရှိသော တန်ချိန်(၆၅၀၀၀)မျှ အလေးချိန်ရှိသည့် စစ်သင်္ဘောကြီးတစ်စင်းစီတွင် ခေတ်မီတိုက် လေယာဉ်များနှင့် ရဟတ်ယာဉ်များစွာ ရပ်နားထားနိုင်မည်ဖြစ်ပြီး (၃၀)မမ လေယာဉ်ပစ် စက်အမြှောက်များ နှင့် အကွာအဝေး ကျယ်ပြန့်စွာ ထောက်လှမ်းနိုင်မည့် ရေဒါ စနစ်တစ်ရပ် လည်း တပ်ဆင် ထားသည်။

တစ်စင်းလျင် ပေါင်စတာလင် (၄)ဘီလျံကျော်မျှ တန်ဖိုးကျသင့်သော HMS Queen Elizabethနှင့် HMS Prince Of Walesတို့သည် ဗြိတိသျှ စစ်သမိုင်းတွင် အကြီးမားဆုံး စစ်သင်္ဘောများ ဖြစ်လာခဲ့သည်။ ယခုလေယာဉ်တင် တိုက်ခိုက်ရေး သင်္ဘောများတွင် တပ်ဆင်ထားသော စနစ်များအရ တိုက်လေယာဉ် (၂၄)စင်းမှာ (၁၅)မိနစ်အတွင်း လေထဲတွင် တိုက်ပွဲဝင်နိုင်အောင် အတက်အဆင်း ပြုလုပ် နိုင်မည်ဖြစ်သည်။

ထိုလေယာဉ်တင် သင်္ဘောကြီးများ သည် ရုရှား နိုင်ငံ၏ အကြီးမားဆုံး နာမည်ကျော် လေယာဉ်တင်သင်္ဘောကြီး Kuznetsovထက် နည်းပညာပိုင်း များစွာ ခေတ်မီနေမည် ဖြစ်သည်။ ဗြိတိသျှ ကာကွယ်ရေး ၀န်ကြီးဌာနက အဆိုပါ သင်္ဘောကြီးများ သည် (၂၀၁၆) နှင့် (၂၀၁၈) တို့တွင် ရေချပြီး တာဝန်များ စတင် ထမ်းဆောင်နိုင် လိမ့်မည်ဟု ထုတ်ဖော် ကြေငြာ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here