တိုယိုတာကားတွေ တရုတ်ပြည်မှာ ပြန်လည် သိမ်းဆည်း

alt

သတင်းထောက်ကူပြ ( ဓါတ်ပုံ – ဂိုလ်ဂယ်)

ဂျပန်နိုင်ငံမှ နိုင်ငံကျော် ကားထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သော တိုယိုတာသည် မော်တော်ယာဉ်များ အတွင်း ချွတ်ယွင်းချက်များ ဖြစ်နေကြောင်း တွေ့ရှိခဲ့ပြီးနောက် တရုတ်နိုင်ငံအတွင်းမှ ကားစင်းရေ တစ်သိန်း နှစ်သောင်းကျော် ကို ပြန်လည် သိမ်းယူ ခဲ့သည်။

ကုမ္ပဏီ ၏ အဆိုအရ ကားများ ၏ စတီယာရင် စနစ်တွင် အမှားအယွင်း များ ပေါ်ပေါက်နေကြောင်း သိရှိရသည်။ တရုတ်နိုင်ငံ FAW နှင့် တိုယိုတာတို့ ဖက်ဆက်ထုတ်လုပ်သေား Tianjin FAW Toyota Motor ကုမ္ပဏီမှ ရောင်းချထားသော ကားအရေ အတွက် (၁၂၁၉၃၀) စင်းကို ပြန်လည်သိမ်းယူရန် တိုယိုတာမှ အားထည့် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ချွတ်ယွင်းမှုမျိုး ဆီဒင် ကားများ နှင့် လက်ဆက်ဇ် ကားများတွင် တွေ့ရှိခဲ့ ရဖူးပြီး ဖြစ်သည်။ တိုယိုတာ အနေ နှင့် ယခုကဲ့သို့ ကားများ ပြန်လည် သိမ်းဆည်း နေသော်လည်း ကုမ္ပဏီ အား ဖောက်သည် များ ဘက်မှ တရားစွဲ ဆိုမည့် အခြေအနေ မျိုး မရှိကြောင်း လည်း သတင်း ရရှိ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here