ဂျေရုဆလင်တွင် သက်တမ်းနှစ် (၁၃၀၀) ရှိ ရွှေဒင်္ဂါးများ တွေ့

alt

သတင်းထောက်ကူပြ ( ဓါတ်ပုံ – ဂိုလ်ဂယ်)

ဂျေရုဆလင်မြို့ ကားပါကင်တစ်ခုအတွင်းမှ နှစ်ပေါင်း (၁၃၀၀) ကျော်မျှ သက်တမ်းရှိသော ရွှေဒင်္ဂါးများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိ ရသည်။ အစ္စရေးနိုင်ငံမှ မနုဿဗေဒ ပညာရှင်များက ဘိုင်ဇန်တိုင်းခေတ်လက်ရာ ဒင်္ဂါး (၂၆၄) ပြားကို ဗြိတိန်နိုင်ငံသူတစ်ဦးက တွေ့ရှိခဲ့ကြောင်း ကြေငြာခဲ့သည်။ အဆိုပါ ဒင်္ဂါးများသည် AD ၆၁၀ မှ ၆၁၄ ခုနှစ်အထိ ထီးနန်းစိုးစံခဲ့သော ဘိုင်ဇန်တိုင်း ဘုရင်မင်းမြတ် ဟာရာကလီးယတ်စ် လက်ထက်က ဒင်္ဂါးများဖြစ်သည်။

ဒင်္ဂါးများကို တွေ့ရှိခဲ့သည့် ဗြိတိသျှ ပညာရှင် နာဒီနီရော့စ်က သူမတို့သည် အိုးခြမ်းကွဲများ၊ ဖန်ကွဲများကို တွေ့ရှိခဲ့ဖူးသော်လည်း ယခုဒင်္ဂါးမျိုးများ မတွေ့မြင်ဖူးသေးပါဟု ၀န်ခံခဲ့သည်။ ပါရှန်းတို့ သိမ်းပိုက်ခြင်း မခံရသေးမီ ဂျေရုဆလင် ဘုရင်အဖြစ် စိုးစံနေသော ဟာရာကလီးယတ်စ်သည် ယခုဒင်္ဂါးများကို တံဆိပ်ရိုက် ထုတ်ဝေခဲ့ခြင်း ဖြစ်နိုင်ပါကြောင်း သူမက ပြောကြားခဲ့သည်။ ထိုတွေ့ရှိမှုသည် ဂျေရုဆလင်တွင် ပမာဏ အများပြားဆုံးနှင့် တန်ဖိုးအရှိဆုံး တွေ့ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။

(၇) ရာစုနှစ်အတွင်း အုပ်ချုပ်ခဲ့သော ဂျေရုဆလင် မင်းအတော်များများသည် ခရစ်ယာန်ဘာသာသို့ ကူးပြောင်း ကိုးကွယ်ခဲ့ကြပြီး ယခင်ကမူ ဘိုင်ဇန်တိုင်း လက်ရာအဖြစ် ယူဆရဖွယ်ရှိသော ဒင်္ဂါး (၅) ပြားသာ တူးဖော်ရရှိခဲ့သေးကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here