အခြေအနေအဆိုးရွားဆုံး ပြည်သူများတွင် မြန်မာပြည်သူများ ပါ

alt

သတင်းထောက်ကူပြ ( ဓါတ်ပုံ – ဂိုလ်ဂယ်)

ဆိုမာလီယာ၊ ကွန်ဂို၊ ဇင်ဘာဘွေနှင့် မြန်မာနိုင်ငံများမှ ပြည်သူများ သည် အတိဒုက္ခ ကြုံနေရကြောင်း (၂၀၀၈) ခုနှစ်၏ လူသား ဆိုင်ရာ ဘေးဒုက္ခအများဆုံး စစ်တမ်းများ တွင် တွေ့ရှိရသည်။ Medicins Sans Fortieres (MSF) ခေါ် နယ်စည်းမခြား ဆရာဝန်များ အသင်းက ကြေငြာသည့် (၂၀၀၈) ခုနှစ် အဆိုးရွားဆုံး အခြေအနေ (၁၀) ခုစာရင်းတွင် အဆိုပါ နိုင်ငံများ ပါ၀င် နေခဲ့သည်။

MSFက ကြေငြာခဲ့ ရာတွင် ယမန်နှစ် အတွင်း AIDS ရောဂါနှင့် နောက်ဆက်တွဲ တီဘီရောဂါကြောင့် တစ်ကမာ္ဘလုံး တွင် သေဆုံးခဲ့သူဦးရေ (၁.၇)သန်းရှိကြောင်း ပါရှိသည်။ MSF၏ ကြေငြာချက်အရ ဆိုမာလီယာ တွင် ပြည်သူများ သည် လူနေမှု အဆင့်အတန်း အနိမ့်ကျ ဆုံးဖြစ်ပြီး မြန်မာနိုင်ငံ မှာမူ ကျန်းမာရေး စောင့်ရှောက်မှု အညံ့ ဖျင်းဆုံး အဖြစ် မှတ်တမ်းဝင် နေသည်။ ဇင်ဘာဘွေမှာ မူ ရောဂါဘယ ထူပြောများပြား နေပြီး အရှေ့ကွန်ဂိုမှ ပြည်သူများ မှာ ပိတ်မိပြီး ဒုက္ခရောက် နေကြသည်။

ဆူဒန်တွင် အကြမ်းဖက်မှု များ ဖြစ်ပွား နေပြီး အီရတ် ပြည်သူများ၊ အီသီယိုးပီးယား – ဆိုမာလီယာ နယ်စပ်ရှိ ဒေသခံ များမှာ အထောက်အပံ့ များ လိုအပ်လျက် ရှိသည်။ ပါကစ္စတန် မြောက်ပိုင်း ဒေသခံများ မှာလည်း တိုက်ပွဲများ အတွင်း ကြားညပ် နေကြောင်း သိရှိ ရသည်။ ထို့အပြင် MSF က လူသားများအတွက် ခြိမ်းခြောက်မှု အများဆုံး ရောဂါကို AIDS နှင့် နောက်ဆက်တွဲ တီဘီဟု အတည်ပြု ခဲ့ပြီး လူသားများ သေဆုံးမှု အများဆုံး မှာ အာဟာရချို့တဲ့မှု ကြောင့်ဖြစ်ကြောင်း သတင်း ထုတ်ပြန် ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here