မြန်မာ့ဓာတ်ငွေ့ကို ဒေဝူးက တရုတ်နိုင်ငံသို့ ရောင်းချမည်

alt

သတင်းထောက်ကူပြ ( ဓါတ်ပုံ – ဂိုလ်ဂယ်)

မြန်မာနိုင်ငံ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီး လုပ်ကိုင်နေသော ဒေဝူး အင်တာနေရှင်နယ် ကုမ္ပဏီကြီး သည် တရုတ် နိုင်ငံသို့ သဘာဝ ဓာတ်ငွေ့များ ရောင်းချ ပေးသွားရန် နှစ် (၃၀) သက်တမ်းရှိ သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့သည်။

ဆင်ဟွာသတင်းဌာန၏ ဖော်ပြထားမှု အရ မြန်မာ နိုင်ငံပိုင် A-1 ကမ်းလွန် သဘာဝ ဓာတ်ငွေ့သိုက်မှ ဓာတ်ငွေ့ပမာဏ ကုဗပေ (၄) ထရီလီယမ်မှ (၆) ထရီလီယမ် အထိကို တရုတ်သို့ ရောင်းချရေး ဒေဝူးကုမ္ပဏီက သဘော တူညီမှု ရရှိ ခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာ့ ဓာတ်ငွေ့ကို တရုတ်နိုင်ငံ မှ အများအပြား ကုန်သွယ် ၀ယ်ယူလျက် ရှိပြီး တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ယူနန်ပြည်နယ် မှတဆင့် မြန်မာနိုင်ငံအတွင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ သွယ်တန်းရန် ပြင်ဆင် လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးအတွက် အနောက်အုပ်စု နိုင်ငံများမှ ကုမ္ပဏီကြီးများ က ရင်းနှီးမြှုပ်နှံမှု အလွန် နည်းပါးပြီး ဒေဝူးကဲ့သို့ မြန်မာ စစ် အစိုးရနှင့် ပလဲနံပသင့် သော ကုမ္ပဏီကြီးများ ကသာ လက်ဝါးကြီးအုပ် ချယ်လှယ် လျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here