မြန်မာ့ ရတနာမိုင်းတွင်းများ တိုင်းရင်းသား လုပ်ငန်းရှင်များ လုပ်ကိုင်နိုင်မည်

alt

သတင်းထောက်ကူပြ ( ဓါတ်ပုံ – ဂိုလ်ဂယ်)

မြန်မာ့တွင်းထွက်ဆိုင်ရာ အာဏာပိုင်များက နိုင်ငံအနောက်ဘက် မိုင်းတွင်းများတွင် ရတနာတူးဖော်ခွင့်ကို တိုင်းရင်းသား လုပ်ငန်းရှင်များ အတွက် ခွင့်ပြုမိန့် ချမှတ် ပေးလိုက်သည်။ အသစ်တွေ့ရှိခဲ့သော မိုင်းတွင်းများ သည် ရှမ်းပြည်နယ် မိုင်းရှူး၊ နမ့်ယားနှင့် ကချင်ပြည်နယ် မုန်ယင်း၊ စစ်ကိုင်းတိုင်း မော်ဟန်မော်လူးတို့တွင် တည်ရှိနေသည်။

မြန်မာ နိုင်ငံသည် ကျောက်မျက် မိုင်းများ တူးဖော်မှုကို နိုင်ငံခြား လုပ်ငန်းရှင်များထက် ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံ သူများကို ပိုမို လုပ်ဆောင် စေလိုသော ဆန္ဒရှိ နေသည်။ (၂၀၀၆) ခုနှစ်မှစပြီး မြန်မာ့ ကျောက်မျက် လုပ်ငန်းများ အတွက် နိုင်ငံသား ရင်းနှီးမြှုပ်နှံ သူများကို ပိုမို ဇောက်ချ လုပ်ကိုင်ခွင့်များ တိုးတက်ပေးအပ်ခဲ့ပြီး နိုင်ငံ၏ ကျောက်မျက်ထွက်ကုန် ပမာဏ တိုးတက် လာရန် ဆောင်ရွက် နေသည်။

တရားဝင် ထုတ်ပြန်ချက် များအရ မြန်မာ့ ကျောက်မျက်ရတနာ ထွက်ကုန်များကြောင့် ရရှိသောနိုင်ငံခြား ၀င်ငွေသည် တိုင်းပြည် ၏ နိုင်ငံခြား ၀င်ငွေ ရရှိစေသော ပို့ကုန်စာရင်း တွင် တတိယ နေရာ ၌ ရပ်တည် လျက်ရှိပြီး (၂၀၀၇-၂၀၀၈) ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း ဒေါ်လာ (၆၄၇.၅၃) သန်း ၀င်ငွေရရှိခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here