အင်တာနက်က ရောင်းတဲ့ပိန်ဆေးတွေ သတိထား

alt

သတင်းထောက်ကူပြ ( ဓါတ်ပုံ – ဂိုလ်ဂယ်)

အင်တာနက်မှတဆင့် ရောင်းချသော အဆီကျ ပိန်ဆေးများသည် အသက်သေ ဆုံးစေသည်အထိ အန္တရာယ် ကြီးမားလာနေကြောင်း သိရှိရသည်။ အထူးသဖြင့် အာရှဒေသမှ အဆီချဆေး အမျိုးအစား (၃၀) ခန့်တို့မှာ ကြောက်စရာ အခြေအနေ ထိ ရှိနေကြောင်း ဆရာဝန်များက သတိပေး ခဲ့သည်။

အမေရိကန် အစားအစာ နှင့် ဆေးဝါး စောင့်ကြပ်ရေး အဖွဲ့က တစ်ကမာ္ဘလုံး အတိုင်းအတာ ထိ ပြန့်နှံ့နေသည့် အင်တာနက်  မှတဆင့် ရောင်းချသော ပိန်ဆေးများ ၀ယ်ယူ နေမှုအပေါ် အလွန်စိုးရိမ်မိကြောင်း ကြေငြာခဲ့သည်။ အဆိုပါအဖွဲ့မှ ဒေါက်တာ မိုက်ကယ် လ်လက်ဗီ က အင်တာနက် မှတဆင့် ရောင်းချသော ပိန်ဆေးများသည် လွန်လွန်ကျွံကျွံ ချဲ့ထွင်ကြေငြာထားပြီး အမှန်တကယ် အကျိုးသက်ရောက်မှု နည်းပါးသည်ကို သတိချပ်သင့်ကြောင်း ပြောကြား သွားသည်။

ထို့အပြင် ဘေးထွက်ဆိုးကျိုး ပါ၀င်မှုများနှင့် ဓာတ်မတည့်မှုများမှာလည်း ကြောက်စရာ ကောင်းသည်ဟု ဆရာဝန်များ က ထောက်ပြ ပြောကြား သွားသည်။ အမေရိကန် တွင် ယခုနှစ် အတွင်း အင်တာနက်မှ ပိန်ဆေးများ သုံးစွဲမှုကြောင့် ဆေးရုံရောက်သူဦးရေ အနည်းဆုံး (၂၈) ဦးရှိသည်ဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here