တုပ်ကွေးရောဂါ ဖြစ်ပွားမှု တိုးတက်လာနေ

alt

သတင်းထောက်ကူပြ ( ဓါတ်ပုံ – ဂိုလ်ဂယ်)

ကမာ္ဘတလွှားတွင် တုပ်ကွေးဖြစ်ပွားမှု ပြန်လည်ဦးမော့လာသည်ကို သက်ကြီးရွယ်အိုများ သတိပြုသင့်ကြောင်း ဆရာဝန်များကဆိုသည်။ ပြီးခဲ့သော ဆယ်စုနှစ ်အတွင်း တုပ်ကွေးဖြစ်ပွားမှု စံချိန်တင် မြင့်တက်လာပြီး တစ်ပါတ်အတွင်း ရာခိုင်နှုန်း (၁၅၀) ကျော်မျှ ထိုးတက်လာ မှုကြောင့် ဆရာဝန်များ ဦးနှောက် စားနေကြသည်။

ခရစ္စမတ်ကာလအတွင်း တုပ်ကွေးကူးစက်မှု အလွန်များပြား လာသလို သက်ကြီးရွယ်အိုများ၊ အထူးသဖြင့် အသက် (၆၅) နှစ်အထက် လူကြီးပိုင်းတွင် ပိုအဖြစ်များလာကြောင်း သိရှိရသည်။ စာရင်းများအရ တုပ်ကွေးဖြစ်စေသော H3N2 ဗိုင်းရပ်စ်သည် သီတင်း (၁၈) ပါတ်အတွင်း လူဦးရေ တစ်သိန်းကျော်ကို ကူးစက်ခဲ့သည်။ ဗြိတိန်မှ ဆရာဝန်များသည် အဆိုပါအခြေအနေကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။

တုပ်ကွေးသည် လူသေဆုံးသည်အထိ ပြင်းထန်လာစေတတ်ပြီး (၁၉၉၉) ခုနှစ်သည် သမိုင်းတလျှောက် တုပ်ကွေးကြောင့် သေဆုံးသူဦးရေ အမြင့်မားဆုံး နှစ်ကာလအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လူ (၂၂၀၀၀) ကျော် အသက် ဆုံးရှုံး ခဲ့ရသည်။ တုပ်ကွေးမှ တဆင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါများ၊ သွေးပေါင်ချိန် တက်မှုများ၊ ကျောက်ကပ် ပျက်စီးမှုများ၊ အသည်းရောဂါ၊ ဆီးချို ရောဂါများ နှင့် ဆေးမတိုး သည့် အခြေအနေများ အထိ ဖြစ်ပွား လာစေတတ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here