အသက်အောင့် လမ်းလျှောက် လေ့ကျင့်ခန်း

alt

ဂျပန်လုပ် ဘက်ထရီနာရီ

ဒက်စီဗယ် မကျယ်ပေမယ့်

အနာဂါတ်ကို လက်တို့ နေသလိုလို။

 

စောင်းစောင်းယိုင်ယိုင်

တိုင်မမာ အဖျားထိပ်က

ဝိုင်ယာတွေ မတရား အိပ်ကျနေ

ကြိုးက ဆွဲထားတာလား

တိုင်က ထောက်ထားတာလား

သံသယ မပွားကြနဲ့။

မိတ်ဆွေတို့

ရိုးသားလက်စ မပျက်

အသက်ရှင် နေထိုင်နိုင်မှု အတွက်

တနေ့ နှစ်ကြိမ် ( အိမ်ရာဝင် အိမ်ရာထ )

ကိုယ့်ကိုကိုယ် ရှိခိုး သင့်ကြတယ်။

ညှော်နံ့ ကတ္တရာလမ်းခင်းနံ့

ကားအိပ်ဇောနံ့ ဆေးလိပ်နံ့တွေနဲ့

မသန့်ရတဲ့ ကြား

မုသားနဲ့ အမွှေးတိုင်နံ့တွေရော

ဒီလေကြောမှာ မျောနေရင်းသားက

ကျွန်တော့အဆုပ် အလုပ်လုပ် မဖြောင့်

အသက် အောင့် အောင့် ထားရတယ်။

၂၅ ဇွန်လ ၁၉၉၀

LEAVE A REPLY

Please enter your comment!
Please enter your name here