Mozilla Patch အသစ်တွေ အားနည်းချက်များ ရှိနေဆဲ

alt

M ozilla ၏ အသစ်ထုတ် Patch များသည် လုံခြံုရေးဆိုင်ရာ ဝေဖန်မှုအချို့ နှင့် ရင်ဆိုင် ရဖွယ် ရှိကြောင်း သိရှိရသည်။ အသုံးပြုသူများ အနေနှင့် Mozilla ၏ Update Patch များကို ကြိုဆို ခဲ့သော်လည်း ၎င်း Patch များတွင် အားနည်းချက် များ ရှိနေသေးကြောင်း ပြောကြား ခဲ့ကြသည်။ Mozilla ၏ နာမည်ကျော် ထုတ်ကုန်များ ဖြစ်သော Firefox၊ Thunderbird နှင့် Seamonkey တို့အတွက် Patch များကို ဒီဇင်ဘာလ (၁၆)ရက်နေ့က ထုတ်ဝေ ခဲ့ခြင်းဖြစ်သည်။ အသုံးပြုသူများက Firefox အတွက် Version 3.0.5 ကို Update လုပ်ပေးရန် တောင်းဆို ခဲ့ပြီး ယခုကဲ့သို့ ထုတ်ပေး ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် Thunderbird ကိုလည်း Version 2.0.019သို့လည်းကောင်း၊ Seamonkey ကိုလည်း Version 1.1.14 သို့လည်းကောင်း အဆင့်မြှင့် ပေးခဲ့သည်။ သို့သော်လည်း လုံခြံုရေး သုတေသန Secunia က Mozilla Patch များတွင် အားနည်းမှုများ ရှိနေ သေးသည်ကို ထောက်ပြ ခဲ့သည်။ Script နှင့် တိုက်ခိုက်မှုများ အပါအဝင် လုံခြံုရေး အကာအရံများ ကို ထိုးဖောက်နိုင်သည့် နည်းလမ်းများ ရှိနေသေးကြောင်း Secunia က ဆိုသည်။ Cross-site တိုက်ခိုက်မှုမျိုး ကာကွယ်ရာ တွင် Mozilla အနေနှင့် အားနည်းနေ သေးကြောင်း သုတေသန ပြုလုပ်မှုများ အရ သိရှိ ရသည်။

ထို့ပြင် JavaScript အင်ဂျင်များမှ Layout များအတွင်း Error များ ဖြစ်ပေါ်နေမှုသည် Memory နှင့် Arbitrary Code များအတွက် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ကြောင်း စစ်ဆေးတွေ့ ရှိရသည်။ Cookie Setting အတွင်းရှိ Persist XUL အတွက်လည်း Error တစ်ခု ပေါ်ပေါက်နေပြီး Browsing session များအတွက် မှားယွင်းမှုများ ရှိနေ နိုင်သေးသည်။ ထို့အပြင် မူလပေါ်လစီများအတိုင်း အခြေခံ ထားသည့် လုံခြံုရေး ဖွဲ့စည်းမှုများကြောင့် Hacker များ ထိုးဖောက်ရန် လွယ်ကူ နိုင်ဖွယ် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ Mozilla ကမူ ဝေဖန်မှုများကို ကြိုဆိုသွားမည်ဖြစ်ပြီး လိုအပ်သော ဖြည့်တင်းမှုများ ဆောင်ရွက် ပေးသွားမည်ဟု ထုတ်ဖော် ကြေငြာ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here