(၂၀၀၇) ခုနှစ်၊ ဗာဂျီးနီးယား လူသတ်မှု ပြည်သူများကို အသေးစိတ် အသိပေး

alt

ဗာ ဂျီးနီးယား နည်းပညာ ကောလိပ် အတွင်း ဖြစ်ပျက် ခဲ့သော အစုလိုက်၊ အပြံုလိုက် သတ်ဖြတ်မှု မှတ်တမ်းများကို ပြည်သူ လူထုထံ ဖြန့်ဝေ လိုက်ပြီ ဖြစ်သည်။ ကျောင်းသားများ အား ထို Document များအား

ကြည့်ရှု ခွင့်ပြု ပြီး တစ်ရက် အကြာတွင်ပင် ကျောင်းသားများ က လူတိုင်း ကြည့်ရှု ခွင့်ရရန် စတင် ဖြန့်ဝေ လိုက်သည်။ (၂၀၀၇) ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့က ဖြစ်ပွား ခဲ့သော အကြမ်းဖက် ပစ်ခတ်မှု အတွင်း သေနတ် သမား ဆောင်ဟီချို သည် ကျောင်းသားများ အပါ အဝင် လူ (၃၂) ဦးအား ပစ်သတ် ခဲ့ပြီး နောက် ကိုယ့်ကို ကိုယ် သတ်သေ သွားခဲ့ သည်။ ယခုအခါတွင် အဆိုပါ ဖြစ်ရပ် အားလုံး အတွက် စုစည်း ထားသော Document ကို ပြည်သူများထံ ဖြန့်ဝေ ပြီးဖြစ် နေကြောင်း ၀ါရှင်တန်ပို့စ် သတင်းစာ က ဖော်ပြခဲ့သည်။

ထို Document များအတွင်း ချိုမှ ကြိုတင်ပေးပို့သော ခြိမ်းခြောက် Email အပါအဝင် ရဲများ၏ အမှုဖြစ်စဉ် အသေးစိတ် စုံစမ်း မှတ်တမ်းတင်မှု စာမျက်နှာပေါင်း (၁၄၀၀၀) နီးပါး ကိုပါ အပြည့်အစုံ ထည့်သွင်း ဖော်ပြ ထားသည်။ သေဆုံးသူ များ၏ မိသားစုများ အနေနှင့် အဆိုပါ Document များကို သိရှိ ခွင့်ရရှိပြီးမှ ပြည်သူ တစ်ရပ်လုံးသို့ နောက်နှစ် ဖေဖော်ဝါရီလ မှသာ ဖြန့်ဝေ သွားရန် စီစဉ် ထားသော် လည်း ယခုအခါ တွင်မူ ကျောင်းသားများ ကြောင့် လူတိုင်း ကြည့်ရှု ခွင့် ရတော့မည် ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here