ဥရောပနှင့် အရှေ့အလယ်ပိုင်း အင်တာနက်ကေဘယ်လ်လိုင်း ပြတ်တောက်

alt

ဥရောပ နှင့် အရှေ့အလယ်ပိုင်း ဒေသတို့ကြား ဆက်သွယ် ထားသော အင်တာနက်ကေ ဘယ်လ်လိုင်း (၃)ခုမျှ ပြတ်တောက် သွားမှု ကြောင့် အင်တာနက် ဆက်သွယ်မှု အတွင်း ထိခိုက် နိုင်ဖွယ် ရှိသည်။

ရေအောက် ပင်မ လိုင်းကြီးများ အတွင်း ထိခိုက် ပြတ်တောက်မှု များ ပေါ်ပေါက် ခဲ့ခြင်း ကြောင့် အရှေ့ အလယ်ပိုင်း နှင့် အရှေ့တောင် အာရှ တို့တွင် အင်တာနက် လိုင်းကျမှု ကဲ့သို့ အခြေအနေ များ ပေါ်ပေါက် လာဖွယ် ရှိသည်။

အထူးသဖြင့် အရှေ့အလယ်ပိုင်း အင်တာနက် စနစ်သည် နှေးခြင်း၊ သို့မဟုတ် လုံးဝ ပြတ်တောက် ခြင်းတို့ ဖြစ်လာ နိုင်ကြောင်း ဒီဇင်ဘာ လ (၂၀) ရက်နေ့က သက်ဆိုင်ရာ အဖွဲ့အစည်း များက သတင်း ထုတ်ပြန် ကြေငြာ သွားသည်။ လိုင်းများ ပြတ်တောက် ခြင်း၏ အကြောင်းရင်းကို မသိရ သေးဘဲ ပြင်ဆင်မှုများ ကို နေရာဇုန်များ သတ်မှတ်ပြီး အမြန်ဆုံး ပြင်ဆင် သွားမည်ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here