အေသင်တွင် ရဲနှင့်ပြည်သူကြား အဓိကရုဏ်းများ မပြီးဆုံးသေး

alt

အေ သင်တွင် ဖြစ်ပွား နေသော ရဲ နှင့် ပြည်သူ အဓိကရုဏ်းများ မှာ အဆုံး မသတ်နိုင် သေးပေ။ ဒီဇင်ဘာလ (၂၁) ရက် နေ့က အဓိကရုဏ်း နှိမ်နင်းရေး ရဲများနှင့် ပြည်သူများ ကြား အပြန် အလှန် တိုက်ခိုက်မှု များ ဆက်လက် ဖြစ်ပွား ခဲ့ သည်။

ပြည်သူများ အနေ နှင့် အသက် (၁၅) နှစ်အရွယ် အလက်ဆစ် ဂရီဂိုပိုလက်စ် သေဆုံးမှု ကြောင့် ရဲများအပေါ် အခဲ မကျေ ကြချေ။ အဆိုပါ လူငယ်လေး  သည် ဒီဇင်ဘာလ (၆) ရက်နေ့ က ရဲများ ပစ်ခတ်မှု ကြောင့် သေဆုံး ခဲ့ရသည်။ အေသင် အနောက်ဘက် နီးလ်ဖီလာ ဒဲလ်ဖီးယား တွင် ရဲဌာန တစ်ခုအား လူများ က တိုက်ခိုက် ခဲ့ပြီး ရဲကား (၆) စီး ပုလင်း ဗုံးဒါဏ် ကြောင့် ပျက်စီး ခဲ့ရကြောင်း အေသင် သတင်းဌာနက ကြေငြာ သည်။

ထို့အတူ အေသင် အမျိုးသား ပေါ်လီ နည်းပညာ တက္ကသိုလ် တွင် ပုလင်းဗုံးများ ဖြင့် ပစ်ခတ်မှု ကြောင့် ရဲများ အနေနှင့် ထိခိုက်မှု အချို့ ရှိခဲ့ကြောင်း သိရှိ ရသည်။ မှုခင်းဆိုင်ရာ ရဲအရာရှိ အကြီး အကဲများ ကိုယ်တိုင် အခင်း ဖြစ်ရာ နေရာများ သို့ ကွင်းဆင်း ခဲ့ရပြီး အခြေ အနေကို ထိန်းသိမ်း နိုင်ရန် အသည်း အသန် ကြိုးပမ်း ခဲ့ ရသည်။ အေသင်သတင်း အေဂျင်စီကမူ ရဲများ သည် ဆန္ဒပြမှုများ ဖြစ်ပေါ်အောင် လှုံ့ဆော် စည်းရုံးသူများ နှင့် ပုလင်းဗုံး အသုံးပြု တိုက်ခိုက်သူ များကို ရှာဖွေ ဖော်ထုတ်ရန် ကြံစည် နေကြောင်း ကြေငြာ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here