သန္ဓေသားကို အကြိတ်ထင်ပြီး ခွဲစိတ်ဖယ်ရှား

alt

စ တော့ဟုမ်းမြို့ တောင်ပိုင်း အထွေထွေ ဆေးရုံမှ ဆရာဝန် တစ်ဦးသည် သန္ဓေသား ကို အကြိတ်ဟု ထင်ကာ ဖယ်ရှား လိုက်ကြောင်း သိရသည်။ အသက် (၂၈) နှစ်ရှိ ဆွီဒင် အမျိုးသမီး တစ်ဦး သည် အဆိုပါ ဆေးရုံ တွင် လာရောက် ပြသစဉ်

အဆိုပါ ဆရာဝန် က Microsoft စစ်ဆေးချက် ပြုလုပ်ပြီး သားဥ ပြွှန် များ သာမန် အနေ အထား ရှိနေ ကြောင်း၊ သားအိမ် နံရံ တွင်မူ အကြိတ် တစ်မျိုး ရှိနေ ကြောင်း ကောက်ချက် ချ ကာ ခွဲစိတ် ဖယ်ရှား ခဲ့သည်။

သို့သော်လည်း နောက်ပိုင်း စစ်ဆေးမှုများ အရ အဆိုပါ အရာသည် အကြိတ် မဟုတ်ဘဲ သန္ဓေ သားလောင်းလေး တစ်ခု မျှသာ ဖြစ်ကြောင်း သိရှိ လာရသည်။ လွန်ခဲ့သော နှစ်ပါတ် အတွင်း ရာသီ နောက်ဆုံးလာ ခဲ့ကြောင်း အမျိုးသမီး က ဆေးရုံ သို့ အကြောင်းကြား ထားသည် ဟု ပြောကြား ခဲ့သော် လည်း ဆေးရုံ မှ သူနာပြုများ၊ ဆရာဝန်များ ကမူ ငြင်းဆို ခဲ့သည်။ ဆွီဒင် ကျန်းမာရေး ၀န်ကြီးဌာန က အဆိုပါ ဖြစ်ရပ် အတွက် ပြင်းပြင်း ထန်ထန် ပြစ်တင် လိုက်ပြီး နောက်တစ် ကြိမ်တွင် အလားတူ ဖြစ်ရပ်မျိုး မဖြစ် စေရန် သတိပေး ထားသည်။

ဆရာဝန် ကိုပါ ဆေးရုံ ကို ပါ ပေါ့လျော့မှု ဖြင့် သတိပေး ထားသော်လည်း တရားစွဲဆို မှုမျိုး ပြုလုပ် သွားဖွယ် မရှိဟ ုလည်း သိရ သည်။ ဆရာဝန် များ ၏ စစ်ဆေး စမ်းသပ်မှု အရ ယခု ဖြစ်ရပ် ကြောင့် ထိုအမျိုးသမီး ထပ်မံ ရရှိမည့် ကိုယ်ဝန်များ တွင် ထိခိုက်မှု ရှိ မည် မဟုတ်ကြောင်း ဖော်ပြ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here