ရုရှားတွင် ဆန္ဒပြပြည်သူများကို ရဲများက အကြမ်းဖက်တိုက်ခိုက်

alt

ရု ရှားရဲများက ဆန္ဒပြ ပြည်သူများကို အကြမ်းဖက် နှိမ်နင်း ခဲ့ကြသည်။ မျက်မြင်များ ၏ အဆိုအရ နိုင်ငံ အရှေ့ပိုင်းရှိ ဗလာဒီဗိုလ် စတော့ခ်မြို့ မှ ဆန္ဒပြ သူများအား အဓိကရုဏ်း နှိမ်နင်းရေး ရဲများက ရိုက်နှက် ကန်ကျောက်ကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ ကြသည် ဟု သိရသည်။

မြို့ခံလူဦးရေ (၅၀၀) ခန့်တို့သည် မြို့လယ် ရင်ပြင်တွင် စုရုံးကာ အစိုးရ က အသစ် သတ်မှတ် ပြဌာန်း လိုက်သော အခွန် ဥပဒေအား မကျေနပ် ကြောင်း ဟစ်ကြွေး ဆန္ဒပြခဲ့ ရာမှ ရဲများက ရိုက်နှက် ခဲ့ကြခြင်း ဖြစ်သည်။ သတင်းများအရ ဒါဇင် ပေါင်းများစွာ သော လူများမှာ ဖမ်းဆီး ခံခဲ့ရ သည်ဟု သိရှိ ရသည်။ ဗလာဒီဗိုလ် စတော့ခ်မြို့ ပြည်သူ များမှာ အခွန်ငွေ (၅၀) ရာခိုင်နှုန်း တိုးမြှင့် ခဲ့မှုကို မကျေနပ် ကြဘဲ အဆိုပါ စည်းမျဉ်းကြောင့် ပြည်သူများ အနေနှင့် ကုန်ဈေးနှုန်းကြီး မြင့်မှုကို တွေ့ကြံု ရမည်ဟု မှတ်ယူ ထားကြ သည်။

ဆန္ဒပြမှုများ သည် ပြီးခဲ့သော သီတင်းပါတ် မှ စတင် ပေါ်ပေါက်  လာပြီး အရှေ့ပိုင်း ဒေသနှင့် ရုရှားနိုင်ငံ မြို့တော်များ သို့ ကြိုကြား ကြိုကြား ပြန့်နှံ့ ရောက်ရှိ နေကြောင်း ဒေသခံ သတင်း မီဒီယာများ က ဖော်ပြ ထားသည်။ ထို့အပြင် ဆန္ဒပြမှုများ သည် မြို့တော် မော်စကိုထိ ရောက်ရှိ လာနိုင်ကြောင်း ခန့်မှန်းချက်များ လည်း ထွက်ပေါ် လျက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here