မွမ်ဘိုင်း အတိုက်ခိုက်ခံဟိုတယ်များ ပြန်ဖွင့်ရန်စီစဉ်

alt

မွမ် ဘိုင်းမြို့ သွေးချောင်းစီး လူသတ်မှု ကြီး ဖြစ်ပွား ခဲ့ရာတွင် ဓားစာခံများ ကို ထိန်းသိမ်း ထားသည့် နေရာများ အဖြစ် အကြမ်းဖက် သမားများ အသုံးပြု ခဲ့သော တက်ဂျ်မဟာ နှင့် အိုဘယ်ရီယို ဟိုတယ်ကြီးများ ကို ပြန်လည် ဖွင့်လှစ်ရန် စီစဉ်ခဲ့ ပြီးနောက် အထူး ဧည့်ခံပွဲ တစ်ခု ကျင်းပ ခဲ့ရာ လုံခြံုရေး ကို တင်းကြပ်စွာ တိုးမြှင့် ထားခဲ့ကြောင်း သိရှိ ရ သည်။

မွမ်ဘိုင်း၏ အထင်ကရ ဂုဏ်ဆောင် အဆောက် အအုံ များဖြစ် သော အဆိုပါ နေရာများတွင် ဖြစ်ပွား ခဲ့သည်များ ကို ရှင်းလင်း ပြသရန် အထူး အရေးပါသော ပုဂိ္ဂိုလ် (၁၀၀၀) ကျော်မျှ အား ဒီဇင်ဘာလ (၂၁) ရက်နေ့ က ဖိတ်ကြား ခဲ့ပြီး နိုင်ငံရပ်ခြား လေ့လာသူများ နှင့် ဘောလီးဝုဒ် အကျော် အမော်များ ပါ ပါ၀င် ခဲ့သည်။ အဆိုပါ ဟိုတယ်များ သည် အစ္စလာမ်မာဘတ် မှ အကြမ်းဖက် သမားများ စီးနင်း တိုက်ခိုက်မှု ကြောင့် နိုဝင်ဘာလ (၂၇) ရက်နေ့က မီးဟုန်းဟုန်းတောက် လောင်ကျွမ်း ခဲ့သည်ကို တစ်ကမာ္ဘလုံး မှ မျက်ဝါးထင်ထင် မြင်တွေ့ ခဲ့ရ သည်။ အဆိုပါ တိုက်ခိုက်မှု များ အတွင်း လူ အနည်းဆုံး (၁၇၀)ထိသေဆုံးပြီး တက်ဂျ်မဟာ ဟိုတယ် တစ်ခု တည်းတွင် ပင် လူ (၅၂) ဦး သေဆုံး ခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here