နိုဘယ်လ်စာပေဆု ရွေးချယ်ရေး ဆွီဒင်အကယ်ဒမီ အကြီးအကဲ နှုတ်ထွက်မည်

alt

ဆွီ ဒင်အကယ်ဒမီ၏ အကြီးအကဲအဖြစ်မှ နှုတ်ထွက်တော့မည်ဟု ဟိုရေးစ်အန်ဒါးလ် က ကြေငြာ ခဲ့သည်။ အဆိုပါ အကယ်ဒမီ သည် ကမာ္ဘကျော် နိုဘယ်လ်ဆု အတွက် စာပေဆိုင်ရာ ရွေးချယ် သော

အဖွွဲ့အစည်း လည်း ဖြစ်သည်။ ဒီဇင်ဘာလ (၂၀) ရက်နေ့က ဟိုရေးစ် က (၁၀) နှစ်ကြာ လုပ်ကိုင် လာသည့် ၎င်း၏ရာထူးကို စွန့်လွှတ်ရန် အချိန်တန် ပြီဟု အတည်ပြု ကြေငြာ ခဲ့သည်။ ၎င်းအနေနှင့် ရာထူးကို (၂၀၀၉) ခုနှစ်၊ ဇွန်လ (၁) ရက်နေ့ထိ ထမ်းဆောင်သွားပြီးနောက် ဆွီဒင်အကယ်ဒမီ အကြီးအကဲ အဖြစ်မှ နှုတ်ထွက်မည်ဟု အသက် (၅၉) နှစ်ရှိ ဟိုရေးစ်က ပြောကြားခဲ့သည်။

ဟိုရေးစ်သည် ထိုရာထူးကို အလန်စထရူး ထံမှ လက်ခံရယူခဲ့သူဖြစ်သည်။ ဟိုရေးစ်၏ ရာထူးအား လက်ရှိ အကယ်ဒမီ တွင်း အသက် အငယ်ဆုံး ပုဂ္ဂိုလ် ဖြစ်သည့် အသက် (၅၁) နှစ်ရှိ ပီတာအန်ဂလွန် က ဆက်ခံဖွယ်ရှိသည်။

စတော့ဟုမ်းလ် မြို့တွင် ဒီဇင်ဘာလ (၂၀) ရ က်နေ့ညက ကျင်းပ သော ယခုနှစ်အတွင်း နောက်ဆုံးဘုတ်အဖွဲ့ အစည်း အဝေး တွင် ဟိုရေးစ် က ယခုကဲ့သို့ ကြေငြာ ခဲ့ခြင်း ဖြစ်ပြီး ဆဗန်ဆကာ ဒက်ဘလာဒတ် သတင်းစာ တွင် အဆိုပါ ကြေငြာချက် ကို ထည့်သွင်း ဖော်ပြ ခဲ့ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here