ထိုင်းအစိုးရသစ်ကို တရားဝင် အတည်ပြုဖွဲ့စည်း

alt

ထိုင်း နိုင်ငံ ၀န်ကြီးချုပ်သစ် အဘီဆစ် ဗက်ဂျ်ဂျာဗား က ဒီဇင်ဘာလ (၂၁) ရက်နေ့ တွင် ၎င်း၏ အစိုးရ သစ်ကို အတည်ပြု ဖွဲ့စည်း လိုက်ပြီ ဖြစ်သည်။ အဘီဆစ် က အစိုးရ အဖွဲ့အနေ နှင့် နိုင်ငံ အတွင်း စီးပွားရေး

ပြန်လည် ဦးမော့လာရန် အဓိက ဆောင်ရွက် သွားမည် ဟု ကြေငြာ သည်။ ဒီမိုကရက် တို့အနေ နှင့် အာဏာရ လာပြီးနောက်ပိုင်း နိုင်ငံရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု များစွာ နှင့် မျက်နှာချင်း ဆိုင်နေရပြီး ထို အခြေအနေ မှာ အစိုးရသစ် အတွက် စိန်ခေါ်မှု တစ်ခုအဖြစ် တည်ရှိ နေခဲ့သည်။

အဘီဆစ်က အစိုးရ အနေနှင့် ရည်မှန်းချက် လမ်းစဉ်များ ကို အကောင် အထည်ဖော်ရန် ပြည်သူလူထု၏ အင်အားကို လိုအပ် နေကြောင်း ပြောဆို ခဲ့သည်။ အစိုးရ သစ်အနေ နှင့် ဘုရင် ဘူမီဘိုလ် အဒူလိုင်ဒက်ဂျ် ၏ တော်ဝင် အမိန့် ပြန်တမ်း တစ်စောင် တွင် ၀န်ကြီးချုပ် သစ် အဖြစ် အဘီဆစ် အား အသိ အမှတ်ပြု ကြောင်း ကြေငြာ ထားရာ ၎င်းအနေ နှင့် ဘုရင်မင်းမြတ် ကို ကြည်ညို လေးစားသော ထိုင်းပြည် သူများ ထံမှ ထောက်ခံမှု ကို ပိုမိုရရှိ ဖွယ်ရှိ သည်။ ဖွဲ့စည်းထား သော အစိုးရသစ် တွင် အဖွဲ့ဝင် (၃၆) ဦး ပါ၀င်ပြီး ၀န်ကြီး (၂၄) ဦးပါရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here