နိုင်ငံတကာမှ ပြောင်းရွေ့လာသူများကြောင့် ဆွီဒင် ဓလေ့ ထုံးတမ်းများ ပြောင်းလဲလာ

alt

ဆွီ ဒင်နိုင်ငံ အတွင်းသို့ နိုင်ငံတကာမှ ပြောင်းရွှေ့ နေထိုင်သူ ဦးရေ များပြား လာခြင်းနှင့်အတူ နိုင်ငံ၏ ဓလေ့ ထုံးတမ်းများ တွင် သက်ရောက်မှု ရှိလာ ကြောင်း ဆွီဒင် ပညာရေး ဆိုင်ရာ ဒါရိုက်တာ ချုပ် အိုလီ ၀က်စ်ဘက်ဂ် က ရေးသား ထားသည်။

ဒီဇင်ဘာလ တွင် ကျရောက်သော ခရစ်စမတ် ပွဲတော်အတွက် စတိုးဆိုင်များ တွင် လက်ဆောင်ဝယ်ယူမှု အခြေအနေများ ပြောင်းလဲ လာခြင်း သည် အဆိုပါ ဖြစ်ရပ်၏ အကျိုး သက်ရောက်မှု တစ်ခုဟု ၀က်စ်ဘက်ဂ် က ဆိုသည်။ မူလက ခရစ်ယန် ဦးရေ အများပြား ဆုံး အဖြစ် သိသာသော ဆွီဒင် နိုင်ငံ အတွင်း မွတ်ဆလင် နှစ်သိန်းခွဲ နှင့် ဆီရီယန် သုံးသောင်းခွဲ ခန့်ထိ များပြား လာနေသည်။

နောက်ပိုင်းတွင် ခရစ်ယန် သာသနာ ကို အခြေပြုသော ဆွီဒင် ဘာသာရေး အတွင်း နိုင်ငံခြားမှ ပြောင်းရွှေ့လာ သူများကြောင့် ပြောင်းလဲမှုများ ဖြစ်လာ နို်င်ကြောင်း ၀က်စ်ဘက်ဂ် က ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here