ပြည်ပတွင်မွေးဖွားခဲ့သည့် ဆွီဒင်နိုင်ငံသား အရေအတွက် များပြားလာ

alt

နိုင် ငံခြား တိုင်းပြည်များတွင် မွေးဖွားခဲ့သော ဆွီဒင်နိုင်ငံသား အရေအတွက်မှာ (၂၀၀၈)ခုနှစ်အကုန်တွင် (၁၄)ရာခိုင်နှုန်း တိုးတက် လာခဲ့သည်။ အဆိုပါ ပမာဏသည် (၁၉၇၀) ပြည့်နှစ်မှစပြီး စံချိန်တင် တိုးတက်ခဲ့သော ပမာဏဖြစ်သည်။ ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း နိုင်ငံခြား တိုင်းပြည် များမှ တဆင့်

ဆွီဒင် သို့ လာရောက် အခြေချသည့် နိုင်ငံခြားသား အရေအတွက်မှာ တစတစ တိုးမြင့် လာနေပြီး နောက် ဆွီဒင် လူဦးရေ ၏ (၂၇) ရာခိုင်နှုန်းထိ ရှိလာနေခဲ့သည်။ ဆွီဒင် ဒေသခံ နှင့် နိုင်ငံခြားဇာတိ မိဘနှစ်ပါးမှ ပေါင်းစပ် ပေါက်ဖွားသော ဆွီဒင်လူမျိုး အရေအတွက် မှာ (၃၇၈၀၀၀) ခန့်ရှိပြီး ဆွီဒင်လူဦးရေ၏ (၂၀) ရာခိုင်နှုန်း မျှသော ပမာဏ လည်း ဖြစ်သည်။ လာရောက် နေထိုင်သူများ အနက် အများစု သည် အိမ်နီးချင်း ဖင်လန် နိုင်ငံသားများ ဖြစ်ပြီး ပမာဏအားဖြင့် (၁၇၆၀၀၀)ခန့်ရှိပြီး ဒုတိယအများစုသည် အီရတ် လူမျိုးများဖြစ်ပြီး (၁၀၈၀၀၀) ကျော်မျှထိ ရှိနေ ကြသည်။

ယခုနှစ်အတွင်း နိုင်ငံခြား တိုင်းပြည်များမှ ပြောင်းရွှေ့နေထိုင်သူ အရေအတွက် တိုးမြင့်လာသော်လည်း အီရတ် နိုင်ငံမှ လာရောက်နေထိုင်သူဦးရေမှာ (၂၁)ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်းလည်း ဆွီဒင်လူဝင်မှု ကြီးကြပ်ရေးဌာနက သတင်း ထုတ်ပြန် ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here