ဆွီဒင်နိုင်ငံသားများနှင့် အိမ်ထောင်ကျသူများအတွက် လူဝင်မှုဥပဒေလျော့ပေါ့မည်

alt

ဆွီ ဒင်လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဖြစ်သူ တိုဘီရက်စ် ဘေလ်စထရွမ် က ဆွီဒင် နိုင်ငံ အတွင်း မှ ဇာတိနိုင်ငံ သားများ နှင့် အိမ်ထောင်ကျ ပြီး ကလေးရ နေသော နိုင်ငံရပ်ခြားမှ ပြောင်းရွှေ့လာသူ များ အတွက် လုူဝင်မှု ကြီးကြပ်ရေး စည်းမျဉ်း များ ကို လျှော့ပေါ့ ပေးသွား မည် ဟု ပြောကြား ခဲ့သည်။

ငြိမ်းချမ်းရာ နေရာ ဒေသများ သို့ ခြေဆန့် ရှာဖွေရင်း ဆွီဒင် နိုင်ငံသို့ ရောက်ရှိကာ ဒေသခံများနှင့် အိမ်ယာ ထူထောင်ပြီး ရရှိလာသော သားသမီး များ သည် ဆွီဒင် နိုင်ငံသား များပင် ဖြစ် ကြောင်း၊ ထို့ကြောင့် လည်း ထို ခလေးငယ်များ ၏ မိဘများ သည်လည်း ဆွီဒင် နိုင်ငံသား ဖြစ်ခွင့် ရှိကြောင်း ၀န်ကြီး ကဆို သည်။

လက်ရှိ အချိန်တွင် ဆွီဒင်သို့ နိုင်ငံခြားသား များ စီဆင်းဝင်ရောက်မှု တိုးတက် များပြားလာခြင်းကို လူဝင်မှု ကြီးကြပ်ရေး အရာရှိ များက စောင့်ကြည့် လျက် ရှိပြီး ဆွီဒင်ဒေသခံများ နှင့် အိမ်ထောင်ရက်သား ကျနေပြီ ဖြစ်သော နိုင်ငံခြားသား များ ဆိုင်ရာ ဥပဒေများ ဖြည့်စွက် ရေးဆွဲ သွားရန် ကြံစည် ထားပြီး ထိုဥပဒေမှာ (၂၀၁၀) ခုနှစ်၊ နွေဦး ရာသီ တွင် အပြီးသတ် နိုင်ဖွယ် ရှိကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here