ကလေးငယ်၏ ဦနှောက်အတွင်း အလွန် သေးငယ်သည့် ခြေထောက် တွေ့ရှိရ

alt

၃ နှစ်အရွယ် ကလေးငယ်လေး ဆမ်အက်ကွီဘယ်လ်အား ခွဲစိတ် ခဲ့သည့် ဦးနှောက် ဆိုင်ရာ ခွဲစိတ် ပါရဂူများ အတွက် အံ့အား သင့်စရာ ကြံုတွေ့ခဲ့ရသည်။ ကလေးငယ် ၏ ဦးခေါင်းကို ခွဲစိတ် ခဲ့သော အမေရိကန် ဆရာဝန်များ ၏ ပြောကြား ချက်အရ ဦးနှောက် အတွင်းတွင် အလွန် သေးငယ်သော ခြေထောက် ကလေးကို တွေ့ရှိခဲ့ သည်ဟု သိရှိ ရသည်။

မူလ က အကြိတ်တစ်ခုဟု ထင်မှတ်နေခဲ့ပြီး မကြီးမားလာခင် ခွဲစိတ်ရန် ရည်ရွယ် ခဲ့ကြောင်း၊ အမှန်တကယ် ခွဲစိတ် ဖယ်ရှားတော့မှ ခြေထောက်လေး တစ်ဖက် ဖြစ်နေ သည်ကို တွေ့ခဲ့ရကြောင်း ပြောကြား ခဲ့သည်။ ၎င်းတို့ အနေနှင့် အင်္ဂါစုံ ဖွံ့ဖြိုးနေပြီဖြစ်သော အဆိုပါ ခြေထောက ်လေးအပြင် ဖွဲ့စည်းမှု စတင်နေပြီဖြစ်သော အခြား ခြေထောက် တစ်ဖက်၊ လက်တစ်ဖက်နှင့် ရင်ဘတ်ပိုင်း ကိုပါ တွေ့ရှိခဲ့ သည်ဟု သိရှိ ရသည်။

ဦးနှောက် အကြိတ်မှ ယခုကဲ့သို့ လူ့ခန္ဓာကိုယ် အစိတ် အပိုင်းများ အဖြစ် ပြောင်းလဲ လာမှုမျိုးသည် ဆေးပညာ သမိုင်းတွင် ရှားပါးသော ဖြစ်ရပ် တစ်ခုဖြစ်ပြီး ကော်လိုရာဒိုရှိ ကလေး ဆေးရုံမှ ဆရာဝန်များ က ထို အခြေ အနေ ကို စနစ်တကျ လေ့လာ သွားမည်ဟု ထုတ်ဖော် ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here