ဖင်လန်သားတွေ ဂိမ်းကစားမှု များပြားလာ

alt

ဖင် လန်ရှိ ကျောင်းသားများအတွက် ဗီဒီယိုဂိမ်းများ ကစားခြင်း သည် အကောင်းဆုံး စိတ် အပမ်းဖြေမှုတစ်ခုသဖွယ် ဖြစ်လာ နေကြောင်း သိရှိ ရသည်။ အခြားသော ကစားနည်းများ ထက် ဖင်လန် နိုင်ငံ ဆယ်ကျော် သက်များ အနေနှင့် ဂိမ်း အပေါ်တွင် သိသိသာသာ စိတ်ဝင် စားလာကြပြီး ဟယ်လ်ဆင်ကီး မှ ကျောင်းသားများ မှာမူ ဂိမ်းကစားမှု အများဆုံး ဟု သိရှိ ရသည်။

ဖင်လန်တွင် ဂိမ်းကစားမှုမှာ သက်လတ်ပိုင်း အရွယ်များထိ စိတ်ဝင်တစား ရှိနေကြသော စိတ်အပမ်းဖြေမှုတစ်ခုအဖြစ် တိုးမြင့်လာနေကြောင်း စစ်တမ်းများ တွင်လည်း တွေ့ရှိလာရသည်။ ထို့အပြင် ဂိမ်းပုံစံ ရွေးချယ်မှုအလိုက် ဂိမ်းကစားရာ တွင် ကျွမ်းကျင်မှု မြင့်တက်လာကြကြောင်းလည်း သိရှိ ရသည်။ တမ်ပါရာတက္ကသိုလ် နည်းပညာ ဓာတ်ခွဲခန်း မှ ပါမောက္ခ ဖရန်စ်မာရာက လူတိုင်းသည် ဂိမ်းကြောင့် စိတ် ရွှင်လန်းကြ သည်ဟု လက်ခံ ထားကြ ကြောင်း ပြောကြား ခဲ့သည်။

ဂိမ်းကစား နေချိန်တွင် လွတ်လပ်ပြီး ချုပ်နှောင်မှု ကင်းသော အခြေအနေ တစ်ရပ် ကို ခံစား ရလေ့ရှိပြီး၊ သဘာဝ ကို ဆန့်ကျင် နိုင်သည့် စွမ်းအားများ အတွင်း စီးမျော ပါ၀င်နိုင်မှုကြောင့် လူအများ ဂိမ်း အပေါ် နှစ်သက် လာခြင်း ဖြစ်နိုင် ကြောင်း ပါမောက္ခ မာရာက သုံးသပ် ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here