အလုပ်ချိန်တိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုချက် အီးယူ ဥပဒေပြုပါလီမန် ပယ်ချ

alt

ဥ ရောပ ယူနီယံ၏ ဥပဒေပြု ပါလီမန်က အလုပ်လုပ်ချိန် တိုးမြှင့်ရေး ဆိုင်ရာ တောင်းဆိုချက်များအား ကန့်ကွက် ပယ်ချ ခဲ့မှုကြောင့် ဖင်လန်နိုင်ငံရှိ အလုပ်သမား ယူနီယံက ကျေနပ် လျက်ရှိသည်။ စထရာဘော့ဂ် တွင် ဒီဇင်ဘာလ (၁၇) ရက်နေ့က မဲခွဲ ဆုံးဖြတ်ခဲ့ ပြီးနောက် အလုပ်ချိန် ပြောင်းလဲ သတ်မှတ်ရေး မှာ လက်ခံ နိုင်စရာ မရှိဟု ပါလီမန်က

ကြေငြာ ခဲ့သည်။ ပါလီမန်၏အဆိုအရ ဥရောပ ယူနီယံ အဖွဲ့ဝင် နိုင်ငံများမှ လုပ်သားများ သည် လူတစ်ဦး သီတင်း တစ်ပါတ်တွင် အလုပ်လုပ် နိုင်သော ပမာဏ အတိုင်း အပြည့်အဝ အလုပ်လုပ်နေကြကြောင်း၊ ထို အခြေအနေ အတွက် ပြင်ဆင် သတ်မှတ်စရာ အကြောင်း ပြချက် မရှိကြောင်း ဆုံးဖြတ် ခဲ့သည်ဟု သိရှိ ရသည်။

မူလက လုပ်ငန်းရှင်များ အနေနှင့် တစ်ပါတ်တွင် (၆၅) နာရီ အထက် အလုပ်လုပ် ချိန် သတ်မှတ်နိုင်ရန် တောင်းဆို လာခြင်း ဖြစ် သည်။ ဖင်လန်နိုင်ငံ အလုပ်သမား ယူနီယံ က အဆိုပါ ဆုံးဖြတ်ချက် ကို ကြိုဆို ကြောင်း၊ ယခု ရလဒ် သည် ဥရောပ လုပ်သား ထုကြီးအတွက် သတင်းကောင်း ဖြစ်ကြောင်း ဖင်လန် အလုပ်သမား အဖွဲ့များက ထုတ်ဖော် ချီးကျူး ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here