ဖင်လန်တွင် စက်ရုပ်သုံးပြီး ခွဲစိတ်

alt

တမ် ပါရယ် တက္ကသိုလ်ဆေးရုံတွင် ပထမဆုံး အကြိမ် အဖြစ် စက်ရုပ် အသုံးပြု ခွဲစိတ်မှု တစ်ရပ် ပြုလုပ် နိုင်ခဲ့ ကြောင်း ဖင်လန် ဆရာဝန်များ က ကြေငြာ သွားသည်။ ဒေါ်လာ တစ်သန်းခွဲမျှ တန်ဖိုး ကျသင့်သည့် အဆိုပါ စက်ရုပ်သည် ဆီးကြိတ် ကင်ဆာ အစောပိုင်း အဆင့် ခွဲစိတ်မှု ကို ဆောင်ရွက် ခဲ့ခြင်း ဖြစ် သည်။

ဆရာဝန်များ ၏ အဆိုအရ ထို စက်ရုပ်အား မီးယပ် နှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါများတွင်ပါ အလျင်းသင့်သလို အသုံးချ နိုင်မည်ဟု သိရ သည်။ စက်ရုပ် အသုံးပြု ခွဲစိတ်ခြင်း ဖြင့် ပိုမို တိကျမှု ရှိလာ မည်ဖြစ်ပြီး လူနာများ အနေ နှင့် တစ်သျှူးပျက်စီးမှု လျော့နည်းခြင်း နှင့် နာလံ ထချိန် မြန်ဆန်ခြင်း စသော အကျိုး သက်ရောက်မှုများ ရရှိနိုင်မည် ဖြစ်သည်။

စက်ရုပ်ကို ခွဲစိတ် ဆရာဝန်များ က ထိန်းချုပ် ရမည်ဖြစ်သည့် ထိုနည်းပညာ သစ်ကို ဆွီဒင်ရှိ ဆေးရုံ(၈)ရုံတွင် အသုံးပြု နေပြီး ခရိုင် အဆင့် ဆေးရုံများ တွင် စက်ရုပ်များ တပ်ဆင် ရန်ပါ ရည်ရွယ် ထားကြောင်း သိရှိရသည်။

  • LEAVE A REPLY

    Please enter your comment!
    Please enter your name here