ကမာ္ဘ့အကြီးဆုံး သံလိုက်စက်ကွင်းကြီး ရှာဖွေတွေ့ရှိ

alt

ဂြိုဟ် တုမှ ထောက်လှမ်းမှုများ အရ ကမာ္ဘ့ အကြီးမားဆုံး သံလိုက် စက်ကွင်း ကြီး ကို တွေ့ရှိ ခဲ့ကြောင်း သိရှိ ရသည်။ တွေ့ရှိ ဖူးသမျှ အနက် အကြီးမားဆုံး သော သံလိုက် စက်ကွင်းကြီး သည် နေမှ ဖြာထွက် ကျဆင်းလာသည့် ရောင်ခြည် တန်း များ ကို ကာကွယ် ပေးနေ သည်ဟု သုတေသန ပညာရှင် များက ပြောကြား ခဲ့ကြ သည်။

နာဆာပိုင် ဂြိုဟ်တုမှ အဆိုပါ သံလိုက်လှိုင်း များကို ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ထောက်လှမ်း တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။ ကမာ္ဘ့ သံလိုက်စက်ကွင်းများအနက် စွမ်းအား အကြီးဆုံး သံလိုက်စက်ကွင်းကြီးမှာ ကမာ္ဘ့အတွင်းပိုင်းမှ စတင်ဖြာထွက်လာပြီး လေထု အတွင်းထိ ပြန့်နှံ့ ရောက်ရှိ နေကြောင်း နာဆာ က ကြေညာ ခဲ့သည်။ ထိုစက်ကွင်းကြီး ၏ အထူ သည် အနည်းဆုံး မိုင် (၄၀၀၀) ထိ ကျယ်ပြန့် နိုင်ကြောင်း သိရှိရသည်။

ထို့အပြင် သံလိုက် စက်ကွင်းကြီး သည် တဖြည်းဖြည်း ကြီးမား ကျယ်ပြန့် လာနေ ဆဲဖြစ် သည်ဟု လည်း နာဆာမှ ထုတ်ဖော် ကြေငြာ သွားသည်။ ထိုသို့သော သံလိုက် စက်ကွင်းများ သည် နေမှ ရောက်ရှိ လာသော မလိုလား အပ်သည့် ဘေးထွက် စွမ်းအင်များကို စစ် ယူသန့်စင ်ပေးခြင်းဖြင့် ကမာ္ဘမြေ ကို အကျိုးပြု လေ့ရှိသည် ဟု သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here