သက်တမ်းနှစ်(၂၀၀၀) ရှိ ကမာ္ဘ့ပထမဆုံး ကွန်ပျူတာ မွမ်းမံမှုများ ပြီးစီး

alt

သက် တမ်း (၂၀၀၀) ရှိပြီဖြစ်သော ကမာ္ဘ့ပထမဆုံး ကွန်ပျူတာ ကို ဗြိတိန် ပြတိုက် ပညာရှင် တစ်ဦး က မွမ်းမံမှုများ ပြုလုပ် ခဲ့သည်ဟု သိရှိ ရသည်။ အဘိဓာန် စာအုပ် တစ်အုပ် အရွယ်မျှ ရှိသည့် ရှေးဟောင်း ဂရိလူမျိုးများ အသုံးပြုခဲ့ သော တွက်ချက်မှု ဆိုင်ရာ ကိရိယာကို ပြန်လည် လေ့လာပြီး လိုအပ်သော ပြုပြင်မှုများ ပြုလုပ် သွား ဖွယ်ရှိသည်။

ထိုကိရိယာ သည် သတ္တုဖြင့် ပြုလုပ်ထားပြီး အတွင်းတွင် ဂဏန်းစိတ် (၃၇) ခုပါရှိပြီး ရှေးဟောင်း အိုလံပစ်ပြိုင်ပွဲများနှင့် ကောင်းကင်မှ ကြယ်များ ရွေ့လျား သွားလာ နေမှုတို့ကို ခန့်မှန်း တွက်ချက်ရာတွင် အသုံးပြုခဲ့ကြဖွယ်ရှိသည်။ ယခုအခါတွင် အဆိုပါ ကိရိယာကို လန်ဒန် ပြတိုက် ကျွမ်းကျင် ပညာရှင်တစ်ဦးဖြစ်သူ မိုက်ကယ်ရိုက်က အပြီးသတ် ပြုပြင်ပြီး မည်ကဲ့သို့ အလုပ်လုပ်ဆောင်ကြောင်း သိရှိခဲ့ ပြီဖြစ် သည်။ Antikythera ဟု အမည်ပေး ထားသော အဆိုပါ ကိရိယာ လေးတွင် ဂရိရိုးရာ ရာသီ သတ်မှတ်မှုများနှင့် အီဂျစ်မှ နေ့စွဲ သတ်မှတ် မှုများ ရောယှက် ပါ၀င်နေသည်ဟု ရိုက် ကဆိုသည်။

ရှုပ်ထွေးမှုများစွာ ပါ၀င်နေသည့် နည်းပညာ ဖြင့် အသုံးပြု ထားသော အဆိုပါ ကွန်ပျူတာသည် ရည်ရွယ်ချက် မျိုးစုံဖြင့် အသုံးချ ခဲ့ဖွယ်ရှိပြီး ရှေးဟောင်းဂရိတို့၏ တီထွင်နိုင်စွမ်း မြင့်မားမှုကို ထင်ဟပ် စေခဲ့ကြောင်း ရိုက်က ချီးကျူး သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here