ဆွီဒင် အာလန်ဒါ လေဆိပ်တွင် ဟိုတယ်အသစ်ဆောက်လုပ်မည်

alt

ဆွီ ဒင်နိုင်ငံ၊ စတော့ဟုမ်းလ် မြို့ အာလန်ဒါ လေဆိပ် တွင် ဟိုတယ် အသစ် တစ်ခု ဆောက်လုပ် သွားရန် စီစဉ်ထားပြီး ဟိုတယ် ၏ အပြင်ဘက် တွင် ဆွီဒင် တော်ဝင် မိသားစု ၏ ပုံတူ ရုပ်ပုံများ နှင့် သရုပ်ဖော် ခြယ်မှုန်း ထားရန် ရည်ရွယ် ထားကြောင်း သိရှိ ရသည်။

ကြီးမားသော အဆိုပါ ဇိမ်ခံ အဆင့်မြင့် ဟိုတယ်ကြီး ကို (၂၀၁၁) တွင် ဖွင့်လှစ် နိုင်ရန် ရည်ရွယ် ထားသည်။ တော်ဝင် မိသားစု ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်က အဆိုပါ သတင်းကို အတည်ပြု ခဲ့သော်လည်း အစီအစဉ် အသေးစိတ် ကိုမူ ပြောဆို သွားခြင်း မရှိပေ။

အာလန်ဒါ လေဆိပ် သည် ဆွီဒင် နိုင်ငံ၏ အဓိက လေဆိပ် တစ်ခုဖြစ်ပြီး လာမည့် ဆယ်စုနှစ် အတွင်း လေဆိပ် လုပ်ငန်းများ အတွက် ဒေါ်လာသန်း (၂၀) ထိ တိုးချဲ့ မြှုပ်နှံ ရန် စီစဉ် ထားသည်။ သတင်းများ အရ ဟိုတယ် တွင် သရဖူ ဆောင်းထား သော တော်ဝင် မင်းသမီး ဗစ်တိုးရီးယား ၏ ရုပ်ပုံ ဖြင့် သရုပ်ဖော် ထားမည် ဖြစ်ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here