မြန်မာဒုက္ခသည်များ ပြန်လည်နေရာချထားရေး ဂျပန် ဆောင်ရွက် မည်

alt

ဂျ ပန်နိုင်ငံအနေနှင့် ထိုင်း နှင့် နယ်စပ်ရှိ ဒုက္ခသည် စခန်းများ တွင် ခိုလှုံ နေသော မြန်မာ ဒုက္ခသည် များ ပြန်လည် နေရာချ ထားရေးအတွက် ဦးစီး ဦးဆောင် ပြုလုပ် သွားရန် သဘော တူညီ ခဲ့သည်။

အာရှ ဒေသတွင်း နိုင်ငံများ အနက် မြန်မာ ဒုက္ခသည် များ ပြန်လည် နေရာ ချထား ရေး ဦးဆောင် ပြုလုပ်မှု သည် ဂျပန်နိုင်ငံ မှာ ပထမဆုံး ဖြစ်လာ သည်။ ဂျပန် ထိပ်တန်း အာဏာပိုင်များ က လူသားခြင်း စာနာသော စိတ်ဓာတ် ဖြင့် မြန်မာ နိုင်ငံမှ ဆင်းရဲ ဒုက္ခ ရောက်နေ သူများကို ကူညီ သွားရန် ဆုံးဖြတ် ခဲ့ကြောင်း ပြောဆို ခဲ့သည်။

(၂၀၁၀) မှစပြီး ထိုင်း-မြန်မာ နယ်နိမိတ် ရှိ မြန်မာများကို ပြန်လည် နေရာ ချထားမှု များ ပြုလုပ် နိုင်ရန် ဂျပန်ဘက် မှ လက်ခံ ကူညီ ဆောင်ရွက် သွားမည်ဖြစ်သည်။ ဂျပန် နိုင်ငံသည် လူသားချင်း စာနာသည့် လုပ်ငန်း ဆောင်တာများ အတွင် ဒေါ်လာ သန်းပေါင်း (၁၁၀) ကျော် ကျခံ သုံးစွဲခဲ့ သည်ဟု သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here