သားဥအိမ်ကင်ဆာ ကုသရေးအတွက် ပရိုတိန်းနှစ်မျိုးကို အသုံးပြု

alt

သား ဥအိမ်ကင်ဆာ ရောဂါဖြစ်ပွား နေသူများသည် အသက်ရှင် ရပ်တည်ရေး အတွက် သတိထား သင့်သည့် အခြေအနေ များကို သိရှိ ထားသင့်ကြောင်း ဆရာဝန်များ က ပြောဆို သွားခဲ့သည်။ အဆိုပါ ကင်ဆာမျိုး ကို ဖြစ်ပွား စေတတ် သည့် အကြိတ် အခဲ သည် အသက် သေဆုံး သည် အထိ ပြင်းထန် လာစေရန် (၁၁) နှစ်ထိ အချိန် ယူရလေ့ရှိပြီး နောက်ပိုင်း (၂) နှစ်ခွဲမျှ ကြာချိန် တွင်မူ ကုသနိုင် ရေး ရုန်းကန် ရတတ် သည်။

နယူး အင်္ဂလန် ဆေးပညာ မဂ္ဂဇင်းတွင် ဖော်ပြ ထားမှု အရ အမျိုးသမီးများ တွင် Dicerနှင့် Drosha ခေါ် ပရိုတိန်းဓာတ် နှစ်မျိုး ထည့်သွင်း ပေးခြင်းဖြင့် အဆိုပါ ကင်ဆာကို တိုက်ဖျက် နိုင်မည့် ကုထုံး တစ်မျိုးကို ဆရာဝန်များ က အသုံးပြု လာနေ ကြောင်း သိရှိရသည်။

“တိတ်ဆိတ်သော လူသတ်ကောင်”ဟု ဆေးပညာလောကတွင် ခိုင်းနှိုင်း ခေါ်ဆိုကြသည့် အဆိုပါ ရောဂါသည် အမေရိကန် တွင် အမျိုးသမီးများ အတွက် ခြိမ်းခြောက်မှု အကြီးမားဆုံး ရောဂါ တစ်ခု သဖွယ် ရပ်တည် နေဆဲ ဖြစ်သည်။ (၂၀၀၇) ခုနှစ်အတွင်း ရောဂါ သည် (၂၂၄၃၀) ဦး ထပ်တိုး လာခြင်း နှင့် အတူ သားဥ အိမ်ကင်ဆာ ကို တိုက်ဖျက် နိုင်ရေး မှာ ဆရာဝန်များ အတွက် စိန်ခေါ်မှု တစ်ခုအဖြစ် ဖိအားများ လာကြောင်း သိရှိ ရသည်။

တက္ကဆက်စ် ဆေးတက္ကသိုလ် မှ ဒေါက်တာ အနေလ်ဆွတ်ဒ် က ကနဦး အဆင့် ကင်ဆာ ဖြစ်ပွား နေသော အမျိုးသမီး (၁၁၁) ဦးအား Drosha နှင့် Dicer ပရိုတိန်းများ ဖြည့်သွင်း စမ်းသပ် ကုသရာ ကောင်းမွန် သော ရလဒ်များ ထွက်ပေါ် လာစေပြီး သာမန် အခြေအနေထက် (၆၀) ရာခိုင်နှုန်းထိ ပိုမို အကျိုး ရှိကြောင်း ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here