ခိုးဝင်လာသူ မြောက်ကိုရီးယား ၁၉ဦး မြန်မာ စစ်အစိုးရမှ ဖမ်းဆီး

alt

မြန် မာစစ်အစိုးရနှင့် အထူးတလည် မဟာမိတ်ပြုထားသော မြောက်ကိုရီးယား နိုင်ငံသား ၁၉ ဦးအား မိမိ နိုင်ငံအား သစ္စာ ဖေါက်ဖျက် ထွက်ပြေး လာသူများ အဖြစ် စွတ်စွဲ ကာ တရားမဝင် နိုင်ငံ တွင်း ခိုးဝင်မှုဖြင့် ဖမ်းဆီး လိုက်သည်ဟု စစ်အစိုးရ ထိပ်တန်းပိုင်း ရဲအရာရှိကြီး တဦးမှ ယနေ့ စနေနေ့တွင် တရားဝင် ပြောကြား လိုက်သည်။

မြောက် ကိုရီးယား နိုင်ငံမှာ နာတာရှည် ရောဂါဟောင်း တခုလို အစာ ငတ်မွတ်ခြင်း ဒါဏ်နှင့် ပြည်သူများ အား ဖိနှိပ်မှုများ ကြောင့် ထွက်ပြေးလွတ်မြောက် နိုင်ခြင်း အလို့ဌါ ယခုအလွန်အမင်း ခေတ်စားနေသော လမ်းကြောင်းဖြစ်သည့် တရုတ်ပြည်၊ အရှေ့တောင် အာရှနိုင်ငံများ မှ တောင်ကိုရီးယားနိုင်ငံသို့ ခိုလှုံနေထိုင်ရန် ကွန်မြူနစ် မိခင်နိုင်ငံမှ ထွက်ပြေးလာကြခြင်းဖြစ်သည်။ ဒီဇင်ဘာလ အစောပိုင်းတွင် မြန်မာနိုင်ငံ၏ အရှေ့ဖျားပိုင်းဒေသများတွင် ထိုအုပ်စုအား ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်ဟု မီဒီယာများ အား ဆိုသော်လည်း ထိုနေရာဒေသအား ဖေါ်ပြရန် ငြင်းဆို သွားသည်။

alt

ထိုသူတို့အား မြန်မာ စစ် အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေများ အရေးယူ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ ထိုအုပ်စု၏ အဓိက ရည်ရွယ်ချက်မှာ မိခင်နိုင်ငံအား စွန့်ခွာပြီး ဆွေမျိုးသားချင်းများ ရှိရာ တောင်ကိုးရီးယား နိုင်ငံ တွင် သွားရောက် အခြေချနေထိုင် မည်ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတကာ NGO တခုကမူ ထိုလူစုအတွက် စိုးရိမ်ပူပန် လျှက်ရှိပြီ ၂၀၀၇ခုနှစ် ဧပြီလမှ မြန်မာ စစ် အစိုးရနှင့် နွေးထွေးစွာ ဆက်ဆံမှုများ စတင်ခဲ့သည့် နေပြည်တော် ရောက် ပြံုးယမ်းအစိုးရ ၏ မြောက်ကိုရီးယား သံရုံး ကြားဝင်ပါ က ထိုသူတို့ အတွက် စိုးရိမ်ဖွယ် ရှိသည်ဟု ပြောကြားကာ၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံမှ တဆင့် တောင်ကိုရီးယား နိုင်ငံသို့ နှစ်စဉ် မြောက်ကိုရီးယား များစွာ ဖြတ်သန်း ခိုးဝင်လျက် ရှိကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here