File Sharing Program များကို ဆွီဒင် နိုင်ငံသား သိန်းနှင့် ချီ၍ အသုံးပြုကြ

alt

ဆွီ ဒင်နိုင်ငံသား ခုနစ်သိန်းခန့် သည် (၂၀၀၈) ခုနှစ်မှစပြီး File Sharing Program များ သုံးစွဲ လာကြကြောင်း သိရှိ ရသည်။ စစ်တမ်းများ အရ အသက် (၁၆) နှင့် (၂၄) နှစ်ကြား ဆွီဒင် လူမျိုးများသည် File Sharing လုပ်မှုများ အများအပြား ကို အင်တာနက် အသုံးပြုစဉ် ပြုလုပ် ခဲ့ကြကြောင်း သုတေသီ များ က ဆိုသည်။

လူဦးရေ (၉)သန်းခန့် မှီတင်းနေထိုင်သော ဆွီဒင် နိုင်ငံ အနက် (၆၈၅၁၀၀) ဦးကျော်မျှ peer-to-peer File Sharing ပြုလုပ်မှုများ လို ဆောင်လာ ကြကြောင်း၊ ၎င်းတို့အနက် အမျိုးသမီးများ မှာ ပိုမိုများပြား ကြောင်း သိရှိရသည်။ စစ်တမ်းများ အရ အသက်(၆၅) နှစ် နှင့် အထက် အမျိုးသမီးများ သည် အဆိုပါ Program မျိုး အသုံးပြု လေ့မရှိ ကြချေ။ လက်ရှိ အချိန်တွင် ဥရောပ အင်တာနက် အသုံးပြုမှုများအနက် File Sharing တွင် ဆွီဒင် သည် နော်ဝေ နောက်တွင် ဒုတိယ လိုက်နေ ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here