ဗမာ့စောင်း ဇါတ်ကား သရုပ်ဆောင် ကွယ်လွန်လေပြီ

alt

အေဝမ်း ရုပ်ရှင်ကုမ္မဏီနှင့် ဂျပန်တို့ ၁၉၅၇ခုနှစ်က ပူးတွဲရိုက်ကူး တင်ဆက် ခဲ့သော “ဗမာ့စောင်း” ရုပ်ရှင် ဇါတ်ကားကြီး တွင် အင်ပါယာရှင် ဂျပန်ဘုရင် ၏ စိတ်ဓါတ် မြင့်တင် ရေး နှင့် ဖျော်ဖြေရေး

တပ်မှ တပ်သားအဖြစ် စိတ်ကူးယဉ် ဆန်ဆန် သရုပ်ဆောင် ခဲ့သော ကာဇူအို နာကာမူရာ မှာ အသက် ၉၂ နှစ်အရွယ်တွင် ဗုဒ္ဓဟူးနေ့ က ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သူ၏ မိသားစုမှ ယနေ့ စနေနေ့ တွင် မီဒီယာသို့ ထုတ်ဖေါ် ပြောကြား လိုက်သည်။

ဒုတိယ ကမာ္ဘ စစ် အတွင်းက မနီလာ – ဘားမား လှုပ်ရှားမှု အတွက် စစ်မှူထမ်း ရန် ဆင့်ဆိုခြင်း ခံရသော ဂျပန် စစ်သားလေး တယောက်မှာ စစ်ရှုံးစ ပြုနေသော မြန်မာပြည် စစ်မျက်နှာ သို့ သူအပါဝင် တပ်သား ၂၀ ဂျပန် အကျဉ်း စခမ်းများ ဆီသို့ စိတ်ဓါတ် မြှင့်တင်ရေး အတွက် ဖျော်ဖြေ ရန် စေလွှတ်ခြင်း ခံရ သည်နှင့် စတင်ထား ကာ မြန်မာပြည် ရောက် ထိုဂျပန် စစ်သားတဦး စောင်း ကိုမြတ်နှိုးစွာ တီးခတ်သူ အကြောင်း ဖြစ်ပြီး နောင်တွင် ဂျပန် စစ်တပ်မှ တိတ်တဆိတ် စွန့်ခွာ၍ ဘုန်းကြီး ၀တ်သွားကာ မြန်မာပြည် တွင်နေထိုင်၍ စောင်း အား စွဲလန်းခုံမင် နှစ်သက်နေ သူအကြောင်း ဂရမ်မီဆု ရာထားခြင်းရသော ရုပ်ရှင် ဖြစ်သည်။

၁၉၄၈ ခုနှစ်တွင် ထုတ်ဝေသော မီချီအို တာကီယာမာ ၏ ဝထ္ထု ‘‘Biruma no Tategoto (The Burmese Harp)’’ အား ၁၉၅၆ ခုနှစ်တွင် ဂျပန်- မြန်မာ ဖက်စပ်ရိုက်ကူးကာ ထိုရုပ်ရှင်အား နံမည်ကျော် “တိုဟို” ရုပ်ရှင်ကုမ္မဏီ ထူထောင်သူ ကမာ္ဘကျော် ဒါရိုက်တာ အီချီကာဝါ (ကွယ်လွန်) နှင့် မြန်မာ့ရုပ်ရှင်လောက ဦးသျှောင် အေဝမ်း ဖလင် တို့ ထိုခေတ်က ရိုက်ကူ ထားသော အဖြူ၊ အမဲ ရုပ်ရှင် ဇါတ်ကားဖြစ်ပြီး၊ ထိုခေတ် အခါက မော်လမြိုင်၊ မုံဒုံ၊ ရွှေတိဂုံဘုရား များ တွင် ရိုက်ကူး ထားခြင်း ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် ထိုရုပ်ရှင် အား ရောင်စုံ ကာလာ နှင့် ပြန်လည် ပြုပြင် ယူသည်ဟု သိရှိ ရသည်။

ထိုရုပ်ရှင် ရိုက်ကူးမှုအား အခြေခံရာ မှ နာကာမူရာ မှာ ‘‘Biruma no Mimikazari” “မြန်မာ တို့၏ နာပျော်ဖွယ်” အမည်ရ ဝထ္ထု ရေးသား ခဲ့သေးသည် ဟု ဂျပန် သတင်းများ ထဲတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here