ဘန်ကီမွန်းက မြန်မာ့ဒီမိုကရေစီ ကူးပြောင်းရေးအပေါ် စိတ်ပျက်

alt

မြန် မာနိုင်ငံအတွင်း ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်း စဉ်များ တွင် များစွာ အားနည်းမှု ရှိနေ သေးကြောင်း ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း က ဝေဖန် ပြောဆို လိုက်သည်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကြွေးကြော် နေသော်လည်း မြန်မာ စစ် အစိုးရ ၏ လုပ်ဆောင် နေမှုများသည် စိတ်ပျက် စရာ ဖြစ်လာ နေသည်ဟု ဘန်ကီမွန်း က ပြစ်တင် ခဲ့သည်။

နှစ်တစ်နှစ် ကုန်ဆုံးတော့မည် ဖြစ်သော်လည်း မြန်မာ နိုင်ငံ  စစ် အစိုးရ သည် ဒီမို ကရေစီရေး ဆွေးနွေးမှုများ ပြုလုပ် သွားရန် ပျက်ကွက် နေဆဲဟု ဘန်ကီမွန်း က ပြောကြား ခဲ့သည်။ လက်ရှိ အချိန် တွင် မြန်မာ စစ် အစိုးရသည် နိုင်ငံရေး အကျဉ်းသား အများအပြား ကို ဖမ်းဆီး ပြီးနောက် နှစ်ရှည် ထောင်ဒါဏ်များ စီရင် ချမှတ်ထားသလို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ် အောင်ဆန်း စု ကြည် ကိုလည်း နေအိမ် အကျယ်ချုပ် ဖြင့် ထားရှိ ခဲ့သည် မှာ အချိန် (၁၃) နှစ်ထိ ရှိနေ ပြီဖြစ် သည်။

နယူးယော့ခ် မြို့အခြေစိုက် လူ့ အခွင့်အရေး စောင့်ကြည့်ရေး အသင်းက လည်း မြန်မာ စစ် အစိုးရ ၏ လုပ်ရပ်များ အပေါ် ဝေဖန် ခဲ့ကြပြီး အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ရန်ကုန်မြို့ မှ ရှေ့နေ ဟောင်း တစ်ဦး ဖြစ်သည့် ဦးစောကျော်ကျော်မင်း က မြန်မာ နိုင်ငံ အတွင်း လူ့အခွင့်အရေး ဆုံးရှုံးနေမှု များကို ပြင်ဆင် ရန် ခက်ခဲ နေဆဲဟု သုံးသပ် သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here