ထိုင်းဘုရင်က အဘီဆစ် ကို ထောက်ခံ

alt

ထိုင်း ဘုရင်မင်းမြတ်က အဘီဆစ်အား ထိုင်းနိုင်ငံ ၏ အစိုးရ အဖြစ် တရားဝင် အသိအမှတ် ပြုလိုက် ခြင်းသည် ထိုင်း နိုင်ငံရေး အေးငြိမ်း သာယာ စေရေး အဓိက ခြေလှမ်း တစ်ရပ် ဖြစ်လာ ဖွယ် ရှိသည်။ ထိုင်း ဘုရင် သည် ထိုင်း နိုင်ငံ၏ (၂၇) ယောက်မြောက် ၀န်ကြီးချုပ် အား ထောက်ခံကြောင်း ဒီဇင်ဘာ (၁၇) ရက်နေ့က ကြေငြာ ခဲ့သည်။

ဘုရင် မင်းမြတ် ၏ ကြေငြာချက် အပြီး ၀န်ကြီးချုပ် က အထူးအစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ပြီး ၎င်းအနေနှင့် နိုင်ငံတော် တည်ငြိမ်ရေး၊ စည်းလုံးညီညွတ်မှု ပြန်လည် ရရှိရေး တို့ကို စွမ်းစွမ်းတမံ ဆောင်ရွက် သွားမည်ဟု ကတိပြု ခဲ့သည်။ ဘုရင် ကိုယ်တိုင် ပါ၀င်လာမှု ကြောင့် ဆွန်ချိုင်း လက်ထက်တွင် ဖြစ်ပွား ခဲ့သည့် လေဆိပ်များ ပိတ်ဆို့ခြင်း စသော ဖြစ်ရပ်မျိုး များ ထပ်မံ ပေါ်ပေါက် လာခြင်း မရှိစေရန် ကာကွယ်ပြီး ဖြစ်လာ နိုင်ကြောင်း ထိုင်း နိုင်ငံရေး အကဲခတ် များက သုံးသပ် နေကြ သည်။

ဗြိတိန်နိုင်ငံ ဖွား အဘီဆစ် က ၎င်း လက်ထဲတွင် နိုင်ငံတော် အတွင်း မင်းမဲ့ စရိုက်များ လုံးဝ ပေါ်ထွန်း စေမည် မဟုတ်ကြောင်း နှင့် ဘုရင်မင်းမြတ် ၏ ဩဇာ ကို စောင့်ထိန်း သွားမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို ထားသည် ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here