လာမည့်နှစ်တွင် ထိုင်း-မြန်မာ ကုန်သွယ်မှု ပိုမို တိုးတက် လာနိုင်

alt

မြန် မာနှင့်ထိုင်း တို့သည် အကျိုးတူ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု များ ကို လာမည့်နှစ်တွင် ပိုမို မြှင့်တင်သွား ဖွယ် ရှိနေကြောင်း သတင်းရရှိသည်။ မြန်မာ့ စီးပွားရေးနှင့် စက်မှု လုပ်ငန်းရှင်များ ၏ ထိုင်းသံရုံး နှင့် စည်းဝေးမှု အပြီး အဆိုပါ အခြေအနေ ကို ပိုမို ခိုင်မာ လာစေ ခဲ့သည်။

ထိုင်းနိုင်ငံ ကုန်စည် ပြပွဲတစ်ခု လာမည့် နှစ် ဖေဖော်ဝါရီ လအတွင်း မြန်မာ နိုင်ငံတွင် ပြုလုပ် ဖွယ်ရှိပြီး နှစ်နိုင်ငံ ကုန်သွယ်မှု အား တိုးမြှင့် နိုင်ရေး ကြိုးပမ်း လာဖွယ် ရှိသည်။ မြန်မာ နိုင်ငံ ၏ ကုန်သွယ်မှု ရေးရာ တွင် ထိုင်းနိုင်ငံမှာ အဓိက မိတ်ဖက် တစ်ဦးအဖြစ် ရပ်တည် ခဲ့ပြီးနောက် ပြီးခဲ့သော နှစ်ပိုင်းများ အတွင်း နှစ်နိုင်ငံ ဆက်ဆံ ရေး ကောင်းမွန် နေခဲဲ့သည်။

မြန်မာ့ လျှပ်စစ် လုပ်ငန်း အတွက် ထိုင်းနိုင်ငံမှ ဒေါ်လာ (၆.၃) ဘီလျံမျှ ရင်းနှီး မြှုပ်နှံထားပြီး မြန်မာ့ စီးပွားရေး ကဏ္ဍ တစ်ခုလုံး တွင် ထိုင်း၏ ရင်းနှီးမှု ပမာဏ (၇.၃) ဘီလျံ ထိရှိ ကြောင်း သိ ရသည်။ထိုပမာဏ သည် မြန်မာ နိုင်ငံ တွင် လာရောက် ရင်းနှီး မြှုပ်နှံ ထားသော နိုင်ငံခြား လုပ်ငန်းများ စုစုပေါင်း ပမာဏ၏ (၅၃) ရာခိုင်နှုန်း ဖြစ်သည်။ လာမည့် နှစ်တွင်မူ အဆိုပါ အခြေအနေ ထက် ပိုမို ကောင်းမွန်လာပြီး ထိုင်း နှင့် မြန်မာကြား စီးပွားရေး ပူးပေါင်းမှုမှာ အလွန် အရှိန်အဟုန် ကောင်းမွန် လာနိုင် ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here