ဆရာဝန်အိပ်ပျော်နေစဉ် လူနာသေဆုံးမှု တရား ရင်ဆိုင် ရဖွယ်

alt

နား ကြပ်တပ်လျက် အိပ်ပျော်သွားသော ဆရာဝန်တစ်ဦးသည် တရား ရင်ဆိုင်ရဖွယ် ရှိနေကြောင်း သိရှိ ရသည်။ ဆွီဒင်နိုင်ငံ မိုတာလာ ဆေးရုံတွင် နှလုံးရောဂါရှင် လူနာတစ်ဦး နှလုံးရပ် သွားသည် ကို အိပ်ပျော် နေသဖြင့် မသိလိုက်သော ဆရာဝန် တစ်ဦး အား ထိုလူနာသေဆုံးမှုအတွက် တာဝန်ရှိကြောင်း စွပ်စွဲ ထားသည်။

အသက် (၈၅) နှစ်ရှိ အမျိုးသမီးလူနာသည် နှလုံး ခုန်ရပ်သွား ချိန်အတွင်း ဆရာဝန်အနေနှင့် အရေးပေါ် ကုသမှုများ ဆောင်ရွက် ပေးရန် လိုအပ် သော်လည်း ပျက်ကွက် ခဲ့မှုကြောင့် ကွယ်လွန် ခဲ့ခြင်း ဖြစ်သည်။ ဆေးရုံမှ အမည်ထုတ်ဖော် ပြောဆို ခြင်းမရှိ သော ဆရာဝန် က ၎င်း၏ နာမကျန်း ဖြစ်နေသော သားငယ် အပေါ် အာရုံစိုက် ထားသဖြင့် ပင်ပန်း နွမ်းနယ်နေပြီး အိပ်ပျော်သွား မိကြောင်း ၀န်ခံ ထားသည်။ ဆေးရုံ ၀န်ထမ်းများ က အဆိုပါ ဆရာဝန် ကို မတွေ့သဖြင့် မိုဘိုင်းလ်ဖုန်း သို့ ဆက်သွယ် ခဲ့သေးသော်လည်း ဖုန်း မကိုင်ခဲ့ ဟုဆိုသည်။

လူနာအား ပြုစု ကုသမှု များ ပြုလုပ် ခဲ့သော်လည်း မိနစ်(၂၀) အကြာတွင် ကွယ်လွန် သွားခဲ့သည်။ ဆေးရုံ က ထိုဆရာဝန် အား တာဝန်မှ ခေတ္တ ဆိုင်းငံ့ ကြောင်း ကြေငြာပြီး နောက်ပိုင်းတွင် အလုပ်ထုတ်ပယ်လိုက်သည်။ ထိုဖြစ်ရပ် ကြောင့် နာမည်ကောင်း ရနေ သည့် ဆွီဒင် နိုင်ငံ၏ ဆေးဝါး ကုသမှု စနစ်အတွက် မေးခွန်း ထုတ်စရာ ဖြစ်လာ ခဲ့ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here