ဖိနပ်ပျံကြောင့် အီရတ်အစိုးရ အကြပ်အတည်းတွေ့

alt

အီ ရတ်ပါလီမန်အနေ နှင့် ဂျော့ဘုရှ် အား ဖိနပ်နှင့် ပစ်ပေါက်ခဲ့သူ အား တရား စီရင်နိုင်ရေး ချီတုံချတုံ ဖြစ်နေ ကြောင်း သိရှိ ရသည်။ နိုင်ငံတော် ဧည့်သည် အား ဆိုးဆိုးရွားရွား စော်ကားခဲ့သည့် မွန်တက်ဒ် ဟာ အယ်လ်ဇိုင်ဒီ အား ထောင်ဒါဏ် ချမှတ် လိုသော်လည်း အမေရိကန် ဆန့်ကျင်ရေး စိတ်ဓာတ် အလွန် ပြင်းထန် နေသည့် အီရတ် နိုင်ငံ အတွင်း ဇိုင်ဒီ မှာ

သူရဲကောင်း သဖွယ် ဖြစ်နေ သောကြောင့် ပြစ်ဒါဏ် ချမှတ်ရေး အခက်အခဲများ တွေ့နေ ရသည်။ သတင်းများအရ ဇိုင်ဒီအား ထောင်ဒါဏ် ချမှတ်ခဲ့ပါက အီရတ် နိုင်ငံသားများ သည် အစိုးရကို ပြန်လည် ဖွဲ့စည်းရန် တောင်းဆိုသည် အထိ ဆန္ဒပြမှုများ ပြင်းထန် လာနိုင် ကြောင်း သိရှိရသည်။ အခြေ အနေ မှာ မလူးသာ၊ မလွန့်သာဖြစ်နေကြောင်း အစိုးရ အရာရှိတစ်ဦးက ၀န်ခံခဲ့သည်။ အီရတ်အစိုးရအနေနှင့် အာရပ် အသိုင်းအဝိုင်း ၏ ဖိအားပေးမှု ကို ခံနေရသလို တစ်ဖက်တွင် လည်း အမေရိကန် ၏ မျက်နှာကို ကြည့်နေ ရသေးသည်။

မကြာသေးမီက ဇိုင်ဒီသည် စစ်ဆေး ခံရမှုများကြောင့် ဒါဏ်ရာများ ဆိုးဆိုး ၀ါးဝါး ရရှိခဲ့ကြောင်း သတင်းများ ထွက်ခဲ့ သေးသော်လည်း နောက်ပိုင်း တွင်မူ ထိုသတင်းများ မှာ မဟုတ် မှန်ကြောင်း မိသားစု က ဖြေရှင်း သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here