နော်ဝေးတွင် ‘အားလုံးအတွက် ပညာရေး’ အစီအစဉ် ဆွေးနွေးပွဲ ကျင်းပ

alt

နော် ဝေးအစိုးရမှ ကမကထ ပြုလုပ်ပြီး “အားလုံး အတွက် ပညာရေး” အဋ္ဌမမြောက် စည်းဝေးပွဲ ကို အော်စလို တွင် ဒီဇင်ဘာလ (၁၆) ရက်နေ့က စတင် ကျင်းပခဲ့သည်။ UNESCO ၏ ဒါရိုက်တာချုပ် ကိုချီရို မတ်ဆူရာ နှင့် နော်ဝေ ၀န်ကြီးချုပ် ဂျန်စတိုလ်တန်ဘက်ဂ် တို့ တက်ရောက် ခဲ့သည့် အဆိုပါ စည်းဝေးပွဲ တွင်

ကမာ္ဘတလွှား မှ ကလေးငယ် များ ပညာသင် ခွင့် ဆုံးရှုံးမှု မရှိစေရေး တတ်အား သမျှ ဆောင်ရွက် ကြရန် ညှိနှိုင်း တိုက်တွန်း သွားကြ သည်။

ဆွေးနွေးမှုများ ကို မမျှတသော အခြေအနေများ ကြောင့် ပညာသင်ခွင့် မရနိုင် သော ကလေးငယ်များ အတွက် အာရုံစိုက် ကာ အစည်းအဝေး တွင် ထည့်သွင်း ဆွေးနွေးကြ မည်ဖြစ်သည်။ ယမန်နှစ်များ ကထက် ကလေးငယ် ပေါင်း သန်း(၄၀) မျှ ကျောင်းနေ ခွင့်ရ လာသည့် အတွက် ကျေနပ် စရာ ဖြစ်ခဲ့ ရသော်လည်း လက်ရှိ အချိန်တွင် ကျောင်းနေ ခွင့် မရသူ ကလေးငယ် (၇၅) သန်းမျှ ရှိနေ သေးသည့် အတွက် ထို အခြေအနေ အား ပြောင်းလဲမှု များ လိုအပ် နေသေး သည်ဟု အစည်းအဝေး တက်ရောက် သော ကိုယ်စားလှယ ်များက ရှုမြင် သုံးသပ် ထားကြ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here