နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီဝင်တွေ လာဘ်စားခဲ့သလား

alt

နို ဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီဝင် (၃) ဦး တို့ကို လာဘ်စားမှု ဖြင့် တရားစွဲ ရန် စီစဉ် နေကြောင်း သိရှိရသည်။ ဆွီဒင် ရှေ့နေများ က ဆွီဒင်နိုင်ငံသား နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီဝင် (၃) ဦး တရုတ် နိုင်ငံသို့ သွားရောက် ခဲ့မှုအပေါ် စုံစမ်းမည် ဖြစ်ပြီး တရုတ် အစိုးရ ထံမှ လာဘ်ငွေ ယူခဲ့ခြင်း ရှိမရှိ ကို စစ်ဆေး စုံစမ်းမည်ဟု ကြေငြာ ခဲ့သည်။

အဆိုပါ( ၃) ဦးတို့ သည် ယခုလ အစောပိုင်း က တရုတ် သို့ သွားရောက် ခဲ့ပြီး ဆေးဝါး၊ ရူပဗေဒနှင့် ဓာတု ဗေဒ ဆိုင်ရာ ရွေးချယ်ရေး ကော်မတီဝင် များ ဟု သတင်းများ အရ သိရ သည်။ ပြည်သူ့ ရှေ့နေ နီးလ်စ်အဲရစ်ခ် ရှက်လ်ဇ် က တရုတ် အစိုးရ ထံမှ လာဘ်ယူ ခဲ့သော အထောက်အထား များ ရှာဖွေ သွားမည်ဟု အတည်ပြု ပြောဆို ခဲ့သည်။ လက်ရှိ အချိန်တွင် စုံစမ်းမှုများ အရ ဆွီဒင်မှ ဆုရွေးချယ်ရေး ကော်မတီဝင်များ နှင့် တရုတ် အစိုးရတို့ကြား ဆက်စပ်မှုများ ကို ရှာဖွေနိုင်ဖွယ် ရှိနေ သည်ဟုလည်း ရှက်လ်ဇ် က ဆိုသည်။

အခြေအနေသည် လုပ်ဆောင်ရ ခက်ခဲဖွယ် ရှိသော်လည်း လိုအပ်သော စုံစမ်းမှုများ ပြုလုပ်ပြီး ပြစ်မှု ထင်ရှားပါက တရားဥပဒေ အရ စီရင် သွားမည်ဟု လည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here