မြန်မာ-တရုတ် ကုန်စည် ရောင်းချပွဲ မူဆယ် တွင်ပြုလုပ်

alt

မြန် မာ-တရုတ် နယ်နိမိတ် မြို့ဖြစ်သော မူဆယ်မြို့ တွင် ကုန်စည် ရောင်းချပွဲ တစ်ခုကို ဒီဇင်ဘာလ (၁၇) ရက်နေ့မှ စတင် ပြုလုပ် ကျင်းပ ခဲ့ကြောင်း သိရှိ ရသည်။ အဋ္ဌမ အကြိမ်မြောက် အဆိုပါ နယ်စပ် ကုန်စည် ရောင်းချပွဲသို့ ကုမ္ပဏီ နှင့် ကုန်ထုတ် လုပ်ငန်း များစွာ မှ ပါ၀င် ခဲ့သည် ဟု သိရှိ ရသည်။

မြန်မာ စစ် အစိုးရ နှင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့တို့ သဘောတူညီမှုဖြင့် အဆိုပါ ကုန်သွယ်ရောင်းချမှု ပွဲတော်အား ကျင်းပ ခဲ့ခြင်း ဖြစ်သည်။ နယ်နိမိတ် ကုန်သွယ်မှု အကြီးအကဲ ဦးစန်းပြည့် က လွန်ခဲ့သော (၁၁) လတာ ကာလ အတွင်း မြန်မာ၊ တရုတ် နယ်နိမိတ်များ ဖြတ်ကျော် ကုန်သွယ်မှု မှာ အမေရိကန် ဒေါ်လာ (၉၃၅) သန်းထိ ရှိခဲ့ကြောင်း ပြောဆို ခဲ့သည်။

ထို ကုန်စည် ရောင်းချပွဲ ကျင်းပ နေချိန် အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်ခြား ကုန်သွယ်မှု အရာရှိများ ကြား စည်းဝေးပွဲ များ ကျင်းပ သွားမည် ဟုလည်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here