မြန်မာ့နိုင်ငံတွင် လူ့အခွင့်အရေး ဆုံးရှုံးနေမှု မနှစ်က ထက် ၂ ဆ

alt

မြန် မာနိုင်ငံ အတွင်း လူ့အခွင့် အရေး ဆုံးရှုံးမှု များ သည် ယမန် နှစ်က ထက်စာလျင် နှစ်ဆအထိ ဆိုးရွားလာကြောင်း သိရှိရသည်။ (၂၀၀၇) ခုနှစ်အတွင်း စက်တင်ဘာလ က ဖြစ်ပွား ခဲ့သော လူထု ဆန္ဒပြမှုများကို စစ် အစိုးရ က အကြမ်းဖက် နှိမ်နင်း ခဲ့ခြင်းကြောင့် မြန်မာ နိုင်ငံ၏ လူ့ အခွင့်အရေး အခြေ အနေ အပေါ် တစ်ကမာ္ဘလုံး က ဝေဖန် ခဲ့ကြသည်။

ထိုစဉ်က ရဟန်းသံဃာများအပါအဝင် လူပေါင်းများစွာတို့ကို စစ်အစိုးရ နှင့် ၎င်းတို့ ၏နောက်လိုက် အဖွဲ့ အစည်းများ ဖြစ်သော စွမ်းအားရှင် (ခေါ်) လက်နက် တပ်ဆင် ထားသည့် လူစုများ က တိုက်ခိုက် ခဲ့ကြ သဖြင့် မြန်မာ စစ် အစိုးရ အား ကမာ္ဘ့ နိုင်ငံ အသီးသီး က ပြစ်တင် ရှုတ်ချ ခဲ့ကြ သည်။ သို့သော်လည်း နိုင်ငံတကာ ရေးရာ လေ့လာ သူများ၏ အဆို အရ မြန်မာ နိုင်ငံ အတွင်း လူ့ အခွင့်အရေး ဆုံးရှုံးမှုမှာ ယခုနှစ် တွင် (၂၀၀၇) ထက် နှစ်ဆထိ ပိုဆိုး လာကြောင်း သုံးသပ် ပြောဆို ခဲ့ကြ သည်။

အဆိုးရွားဆုံး အခြေအနေ မှာ လူပေါင်း သိန်းကျော် မျှ သေဆုံး/ပျောက်ဆုံး ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီး အတွက် စစ် အစိုးရအနေ နှင့် ဆောင်ရွက် သင့်သော အကူအညီများ ပေးရန် ပျက်ကွက် ခဲ့ခြင်းသည် အလွန် ဆိုးရွားသော လူ့ အခွင့်အရေး ချိုးဖောက်မှု တစ်ခုဟု နိုင်ငံတကာ အကဲခတ်များ က ထောက်ပြ ခဲ့သည်။ ထိုသို့ အစိုးရ ဘက်မှ တာဝန် ပျက်ကွက်မှု ကြောင့် မသေသင့် သော လူ့အသက် များစွာ ဆုံးရှုံး ခဲ့သည်ဟု လေ့လာသူ များက အပြစ်တင် ပြောဆို ခဲ့သည်။ ထို့အပြင် နိုင်ငံရေး သမားများ အား နှစ်ရှည် ထောင်ဒါဏ်များ ချမှတ် နေမှုသည် အလွန် ဆိုးရွားသော လူ့ အခွင့်အရေး ဖောက်ဖျက်မှုများ ဟု မြန်မာ အစိုးရအား အပြစ်တင် ခဲ့ကြသည်။

မြန်မာ စစ်အစိုးရ သည် (၂၀၀၈) ခုနှစ် အတွင်း နာဂစ် ကယ်ဆယ်ရေး ဆောင်ရွက် ခဲ့သည့် နိုင်ငံရေး သမားများ နှင့် (၂၀၀၇) ခုနှစ် လူထု ဆန္ဒပြပွဲ တွင် ပါ၀င်ခဲ့သည့် နိုင်ငံရေး လှုပ်ရှားသူများကို ယခုနှစ် အတွင်း နှစ်ရှည်ထောင်ဒဏ်များ မတရားချမှတ်ခဲ့သည်။ ထိုသို့သော အခြေ အနေများ ကြောင့် မြန်မာ နိုင်ငံသည် ကမာ္ဘပေါ် တွင် လူ့ အခွင့်အရေး ပိတ်ပင် ခံရမှု အများပြား ဆုံး နိုင်ငံ တစ်နိုင်ငံ အဖြစ် ဆက်လက် ရပ်တည် နေဆဲဖြစ်ပြီး နိုင်ငံအတွင်း လူ့ အခွင့်အရေး ဆုံးရှုံးနေမှုမှာ ယမန်နှစ် ကထက် (၂) ဆ ထိမြင့်တက် လာကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here