ခင်ပွန်းအား ဒေါ်လာ (၇၆) သန်း မပေးခဲ့ ဟု မက်ဒေါနား ငြင်းဆို

alt

မက် ဒေါနားက သူမသည် ခင်ပွန်းဖြစ်သူ ဂိုင်းရစ်ချီအား ကွာရှင်းစရိတ် ဒေါ်လာ (၇၆) သန်း ပေးခဲ့ရ သည်ဆိုသော သတင်းများ အား ငြင်းဆန် လိုက်သည်။ အသက် (၅၀) ရှိ နာမည်ကြီး Pop အဆိုတော်  သည် ဗြိတိန် နိုင်ငံသား ခင်ပွန်း သည် ရုပ်ရှင် ဒါရိုက်တာ ရစ်ချီအတွက် ကမာ္ဘပေါ် တွင် ကြေး အကြီးဆုံး ကွာရှင်း စရိတ်တစ်ခု အဖြစ် နာမည်ကြီး ခဲ့သည့် ငွေပမာဏ အား ပေးချေ ခဲ့ကြောင်း သတင်းများတွင် ဖော်ပြ ခဲ့ကြသည်။

သို့သော်လည်း မက်ဒေါနား က သတင်းများ တွင် ဖော်ပြခဲ့သည့် ဒေါ်လာ (၇၆) သန်း (အချို့သတင်းများ တွင် ၉၂ သန်းဟု ရေးသား ထားသည်) ကို လုံးဝ မပေးခဲ့ ပါဟု ပြောဆို သွားသည်။ ကွာရှင်း စရိတ် အတွက် နှစ်ဦး နှစ်ဖက် သဘောတူ ညှိနှိုင်းမှု များ လွန်ခဲ့သော လအနည်းငယ် ကတည်းက ပြုလုပ် ထားပြီး ဖြစ်သည် ဟု မက်ဒေါနား ကဆိုသည်။ ထို့အပြင် ၎င်းတို့ နှစ်ဦးလုံး အဓိက ထားသည်မှာ ငွေရေး ကြေးရေး မဟုတ် ဘဲ ကလေးငယ် များအား အုပ်ထိန်းခွင့် ရရှိ ရေးသာ ဖြစ်ကြောင်း မက်ဒေါနား က ပြောကြား ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here