IE ပြဿနာအတွက် Microsoft အနေနှင့် ဖြေရှင်း နိုင်ရန် အသည်းအသန် ကြိုးပမ်း

alt

I nternet Explorer ၏ အားနည်းချက် များကြောင့် အချက်အလက် ခိုးယူခံ ရမှုများ ပေါ်ပေါက် ခဲ့ကြောင်း ဝေဖန်မှု များ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ် ခဲ့ပြီးနောက် Microsoft ကော်ပိုရေးရှင်း အနေနှင့် ၎င်း၏ Web Browser ရှိ ယိုယွင်းမှု များ ကို ဖာထေး နိုင်ရေး အသည်းအသန် ကြိုးပမ်း လာပြီ ဖြစ်သည်။

Microsoft သည် Security Patch အသစ်တစ်ခု ချက်ချင်း ထုတ်ပေး ခဲ့သော်လည်း အားနည်းချက် များ အားလုံး တို့ကို ဖြေရှင်း နိုင်ဖွယ် မရှိ သဖြင့် အစအဆုံး သုံးသပ် စီစစ်မှုများ ပြုလုပ် ရဖွယ် ရှိသည်။ နိုင်ငံတကာ ကျွမ်းကျင် သူများက IE မှတဆင့် ဆိုင်ဘာ ရာဇဝတ် သားများ အနေ နှင့် အကျိုး အမြတ် ရှာနိုင် သည့် လုပ်ရပ်များ ပြုလုပ် နိုင်သည် ဟု ထောက်ပြ ထားသဖြင့် Microsoft အတွက် ခေါင်းခဲ စရာ ဖြစ်နေ ခဲ့သည်။

လက်ရှိ အရှုပ်အထွေး အများစု သည် နောက်ဆုံးထုတ် IE 7 တွင် အများဆုံး ဖြစ်ပေါ်နေသဖြင့် Microsoft ၏ ပြုပြင်ရေး အစီအစဉ် သည် IE 7 အပေါ်သို့ အဓိက အာရုံစိုက် ရဖွယ် ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here