ဖင်လန် များနှင့် လက်ထပ် လို လည်း စရိတ်ကြီး မြင့်သဖြင့် နိုင်ငံခြားသား တို့ အခက်ကြံု

alt

T uran Sanomat အစီရင်ခံစာအရ ဖင်လန် နိုင်ငံသို့ လာရောက် အခြေချသော နိုင်ငံခြား မှ လူအများစု သည် ဖင်လန် နိုင်ငံ သူ၊ နိုင်ငံသားများ နှင့် လက်ထပ် နိုင်ရန် အားထည့် ကြိုးပမ်း လေ့ရှိ ကြောင်း သိရှိ ရသည်။ ပြီးခဲ့ သော နှစ်အတွင်း ထိုကဲ့သို့ ဒေသခံများနှင့် လက်ထပ်ပြီး ဖင်လန် နိုင်ငံသား အဖြစ် ခံယူခွင့် လျှောက်ထား ခဲ့သူ (၃၀၀) အား ဖင်လန် တရားရုံးက ငြင်းပယ် ခဲ့ကြောင်း သိရှိ ရသည်။

သို့သော်လည်း ယမန်နှစ် အတွင်း ထိုကဲ့သို့ သော နည်းလမ်းဖြင့် နိုင်ငံသား ခံယူခွင့် ရရှိခဲ့သူ (၁၉၃၀) ယောက်ထိ ရှိခဲ့ကြောင်း ဖင်လန် လူဝင်မှု ကြီးကြပ်ရေး ဌာန စာရင်းများ အရ သိရ သည်။ သို့တိုင်အောင် နိုင်ငံရပ်ခြား မှ လာရောက် နေထိုင်သူများ အတွက် အခက်အခဲ တစ်ခုမှာ ဖင်လန် နိုင်ငံ အတွက် လက်ထပ်မှု ကုန်ကျ စရိတ် ကြီးမား နေခြင်းပင် ဖြစ်သည် ဟု သိရှိ ရသည်။

ဖင်လန်နိုင်ငံသူ တစ်ဦးအား လက်ထပ် ယူထားသည့် မော်ရိုကိုဇာတိ အမျိုးသားတစ်ဦးက ဖင်လန်ရိုးရာ လက်ထပ် ထိမ်းမြားမှု များ အတွက် ငွေကြေး ကုန်ကျမှု သည် ယူရိုငွေ ထောင် နှင့်ချီကုန် ကျတတ် ကြောင်း ညည်းညူ သွားခဲ့ သည်။ ဖင်လန် တွင် အများဆုံး လာရောက် နေထိုင်သည့် လူမျိုးများ မှာ ရုရှားများ၊ အာဖရိက တိုက်သားများ နှင့် ထိုင်း လူမျိုးများ ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here