(၁၄) နှစ်သားလေး ခေါင်းထဲ မှာ ခဲတံကျန်နေမှန်း မသိ ခဲ့တဲ့ ဆရာဝန် တွေ

alt

ဆွီ ဒင်နိုင်ငံတောင်ပိုင်း ကာလက်စ်ရိုနာမှ ဆရာဝန်နှစ်ဦးသည် အသက် (၁၄) နှစ်အရွယ် ကလေးငယ် တစ်ဦး ၏ ဦးနှောက် အတွင်း ခဲတံ အပိုင်း တစ်ခု ကျန်နေ သည်ကို မသိခဲ့ကြ သောကြောင့် ဝေဖန်မှုများ ရင်ဆိုင် နေရသည်။ ဇန်နဝါရီလ အတွင်းက ဂျင်မီ ပက်တာဆန်လေး သည် မတော်တဆ ပြုတ်ကျမှု တစ်ခု အတွင်း လက်ထဲ မှ ခဲတံမှာ ညာဘက်နား ထဲ ၀င်သွား ခဲ့သည်။

ထို ခဲတံ သည် မျက်ခွံ ကိုလည်း ထိခိုက်မိခဲ့ပြီး ဆရာဝန်များက ဒါဏ်ရာကိုသာ ဆေးကြော သန့်စင်ပေးခဲ့သည်။ X Ray ဖြင့် စစ်ဆေးမှု လည်း ပြုလုပ် ခဲ့ခြင်းမရှိဘဲ နောက်တစ်နေ့ တွင် ပက်တာဆန် အား ဆေးရုံမှ ဆင်းခွင့်ပြု လိုက်တော့ သည်။ နောက်ပိုင်း တွင် ပက်တာဆန် မှာ အပြင်းဖျားခြင်း၊ အသက်ရှူ ခက်ခဲခြင်း နှင့် အခြားသော သက်ရောက်မှု များ ပေါ်ပေါက် လာသောကြောင့် အရေးပေါ် အခြေအနေဖြင့် ဆေးရုံသို့ ပြန်ရောက် လာခဲ့သည်။ ထိုအခါ တွင် ဦးခေါင်းအား Scan ဖတ်ကြည့်ကြမှ ပက်တာဆန် ၏ မျက်လုံး အိမ်နောက်ဘက် တွင် ဦးနှောက် အား ထိမိနေသည့် (၅) စင်တီမီတာ အရှည်ရှိ သော ခဲတံ အစိတ်အပိုင်း ကို တွေ့ရှိခဲ့ ကြခြင်းဖြစ်သည်။

လွန်းတက္ကသိုလ် ဆေးရုံသို့ ပက်တာဆန် အား ချက်ချင်း ခေါ်ဆောင်ပြီး ခွဲစိတ်မှုများ ပြုလုပ်ကာ ထိုခဲတံကို ဖယ်ရှား လိုက်ရ ပြီးနောက် ကလေးငယ် မှာ ဦးနှောက်ပိုင်း ထိခိုက်မှု ရှိနေမည် ကို စိုးရိမ် မိကြောင်း ကြေငြာ ခဲ့သည်။ ပက်တာဆန် ဒါဏ်ရာရစဉ်က အလျင်ဆုံး ကုသပေးသည်မှာ (အမည်ထုတ်ဖော် ပြောဆိုခြင်း မရှိသော) ဆရာဝန် နှစ်ဦးဖြစ်ပြီး ယခုအခါ တွင် အဆိုပါ ဆရာဝန်များ အား X Ray စစ်ဆေးမှု အဘယ်ကြောင့် မပြုလုပ် ခဲ့ကြောင်း ထုချေလွှာ တောင်းခံ ထားသည် ဟု သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here