Apple ၏ OS အသစ်ကို ရယူရာ တွင် အခက်အခဲ များ ရှိနေ

alt

M Apple မှ ထုတ်လုပ်လိုက်သော OSအသစ်ဖြစ်သည့် Mac OS Version 10.5.6 သည် အကောင်းဆုံး OS ဖြစ်ကြောင်း Apple က ပြောကြား ခဲ့သည်။ Leopard နှင့် OS X တို့တွင် ဖြစ်ပေါ် ခဲ့သည့် လစ်ဟာမှုများ အားလုံး တို့ကို စနစ်တကျ လေ့လာပြီး ဖာထေး ပြုပြင်ထား သဖြင့် အပြည့်ဝဆုံး စိတ်ကျေနပ်မှုကို အသုံးပြု သူတိုင်း ရရှိ စေမည်ဟု Apple က ညွှန်းဆိုထားသည်။ သို့သော်လည်း Update Version သစ်ကို ရယူနိုင်ရေး အဆင် မပြေမှုများ ကြံုနေ ရဆဲဟု သိရှိ ရသည်။

Download လုပ်နေစဉ် Hang သွားခြင်းများဖြစ်တတ်ကြောင်း အသုံးပြုသူများက Apple ထံ အကြောင်း ကြားကြသည်။ အချို့ကမူ အလွယ်တကူ Updateလုပ်နိုင်ခဲ့သည်ဟု Appleကဆိုသည်။ တခါတရံ Update Process ကို Run နေစဉ်အတွင်း Restart ကျသွားသည့် Errorများလည်း တွေ့ခဲ့ရကြောင်း အသုံးပြု သူများက ထောက်ပြ ခဲ့သည်။ လေဆိပ်များတွင် အသုံးပြုသည့် Network စနစ်များဖြင့် Apple OS Update ကို ရယူရာ တွင်လည်း အဆင် မပြေဟု ဆိုသည်။

Mail နှင့်ဆိုင်သော Application များ အသုံးပြုနေစဉ် မကြာခဏ ရပ်သွားတတ်ကြောင်း ဝေဖန် နေသူများ လည်းရှိ သည်။ Server ကို ချိတ်ဆက်ရာတွင် OS အနေနှင့် အားနည်း နေကြောင်း အသုံးပြု သူများက Apple အား အကြောင်း ကြားခဲ့သည်။ ထိုအခြေအနေများကြောင့် Apple အနေနှင့် ၎င်းတို့၏ OS တွင် ချွတ်ယွင်းမှု အနည်းငယ်ရှိ သေးကြောင်း ၀န်ခံ ခဲ့ရပြီး ထိုအခက် အခဲများ ကို ပြေလည်အောင် ပြုလုပ် ပေးသွား မည်ဟု ကြေငြာ ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here