သက်ဆင်ကို အဘီဆစ်က ပြန်လာစေလို

alt

ထိုင်း နိုင်ငံ ၀န်ကြီးချုပ် သစ် အဘီဆစ် အနေနှင့် ထိုင်း ၀န်ကြီးချုပ် ဟောင်း သက်ဆင် ရှီနာဝတ် ထိုင်း နိုင်ငံ သို့ ပြန်လာ စေခြင်း ကြောင်း ပြောကြား ခဲ့သည်။ အဘီဆစ် က ၎င်း အနေ နှင့် သက်ဆင် ၏ ပြည်တော်ပြန် ခရီးကို လိုလားမှု မရှိနိုင် ဟူသော ခန့်မှန်းချက် များ ကို ပယ်ချ လိုက်သည်။

Channel 7 ရုပ်သံလိုင်း နှင့် အင်တာဗျူး အစီအစဉ် တွင် သက်ဆင် ပြန်လာမည် ဆိုလျင် ၎င်း အနေ နှင့် ၀န်ကြီးချုပ် ဟောင်း တစ်ဦး အဖြစ် လေးလေး စားစား ဆက်ဆံ သွားမည် ဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံ ၏ ဥပဒေ စည်းမျဉ်းများ အတိုင်း သက်ဆင် အနေ နှင့် တရား ရင်ဆိုင်မှု များ ကြံုရ မည် သာဖြစ် ကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။

ယခု ပြောစကား သည် အဘီဆစ် ၏ ၀န်ကြီးချုပ် ရာထူး လက်ခံ ရရှိပြီး နောက် သက်ဆင် နှင့် ပတ်သတ်ပြီး ပထမဆုံး ထုတ်ဖော် ပြောဆိုမှု ဖြစ်သည်။ ထိုင်း ၀န်ကြီးချုပ် ဟောင်း သက်ဆင် သည် လာဘ်စား မှုအပါအဝင် စွဲချက် အတော် များများ နှင့် တရားစွဲ ဆိုခြင်း ခံထား ရပြီး ထိုင်း နိုင်ငံ သို့ ပြန်ရောက် ပါက ထောင်ဒါဏ် ကျခံ ရဖွယ် ရှိနေ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here