ဆွီဒင်တောင်ပိုင်းတွင် ငလျင်လှုပ်ခတ်

alt

ဆွီ ဒင်နိုင်ငံ တောင်ပိုင်း တွင် ဒီဇင်ဘာလ (၁၆) ရက်နေ့ အစောပိုင်း က ငလျင် တစ်ခု လှုပ်ခတ် သွားခဲ့ပြီး ဒေသဆိုင်ရာ အရေးပေါ် ဌာနသို့ ဖုန်း ခေါ်မှုများ အလုံး အရင်း ရောက်ရှိ လာ ခဲ့သည်။ ဟယ်လ်ဆင်ဘော့ဂ် တွင် မနက် (၆ း၂၀) ခန့် တွင် လှုပ်ခတ် သွားသော ငလျင် နှင့် ပတ်သတ်ပြီး အိပ် နေချိန် တွင် ကုတင် မှာ မိနစ် (၂၀) ထိ လှုပ်ခါ သွားခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြန်ပြောင်း ပြောဆို သွားသည်။

အူစာလာ တက္ကသိုလ် မှ ကျွမ်းကျင်သူ ရေနာဘော့ဒ်ဗာဆန် က ယခုလှုပ်ခတ်ခဲ့သည့် ငလျင်မှာ ရစ်ချ်တာစကေး (၄.၅) မှ (၅.၀) ထိ ပြင်းအား ရှိသည်ဟု ပြောဆို သွားသည်။ ဆွီဒင် တောင်ပိုင်း ဒေသ ခံများ အတွက် ယခု ငလျင်အား အလွန် အင်အား ပြင်းထန် သည်ဟု ထင်မှတ် စေကာ ရုတ်ရုတ် သဲသဲ ဖြစ်သွား ခဲ့ကြောင်း ဘော့ဒ်ဗာဆန် က ဆိုသည်။ ၎င်း ၏ အဆိုအရ မယ်လ်မို အရှေ့ဘက် ကီလိုမီတာ (၆၀) ခန့်သို့ ဗဟိုပြုကာ လှုပ်ခတ် သွားခြင်းဟု သိရှိ ရသည်။

အမေရိကန် ငလျင် တိုင်းတာရေး အေဂျင်စီ ကမူ ယခု ငလျင် သည် ပြင်းအား အဆင့် (၄.၇) မျှရှိကြောင်းနှင့် အင်အား အသင့် အတင့်ဟု သတ်မှတ် ကြောင်း သတင်း ထုတ်ပြန် ခဲ့သည်။ဒေသ ခံတစ်ဦးက ယခု ငလျင်သည် အသံ မြည်ဟည်းပြီး ကြောက်စရာ ကောင်းကြောင်း ပြောဆို ခဲ့သည်။ အရေးပေါ်ဌာနမှ တာဝန် ရှိသူ တစ်ဦးက မနက်စောစော တွင် အလွန် အင်အား ပြင်းသည့် ငလျင်ကြီး တစ်ခု လှုပ်ခတ် သွားသည်ဟု ဖုန်း ခေါ်မှုများစွာ ရောက်လာ ခဲ့သည် ဟု ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here