ဖင်လန်မှ ရေခဲခွဲသင်္ဘော Otso ရေလမ်းကြောင်းရှင်းလင်းရန် ထွက်ခွာ

alt

ဖင် လန်ရေခဲခွဲသင်္ဘော Otso သည် ဟယ်လ်ဆင်ကီး မြို့ရှိ ကက်တာဂျာနော့ ကို ဆိပ်ကမ်းမှ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် စတင် ထွက်ခွာသွား ပြီဖြစ်သည်။ ဘော့သ်နီယာ ပင်လယ်ကွေ့ ကို ဦးတည် နေသည့် အဆိုပါ သင်္ဘောသည် ပင်လယ်ကွေ့ အတွင်း ရေလမ်းကြောင်း ပိတ်ဆို့ နေမှုများ ကို ဖြေရှင်း ပေးမည် ဖြစ်ပြီး ထို ရေလမ်းကြောင်း သည် တိုရီယို၊ အူလူ နှင့် ကယ်မီ မြို့ တို့သို့ သွားရောက် နိုင်မည့် အဓိက ရေလမ်းကြောင်း ဖြစ်လာ မည် ဟု သိရှိရသည်။

ယခုနှစ် အတွင်း ရေခဲမှု များ ဖြစ်ပေါ် တတ်သဖြင့် ရေခဲခွဲ သင်္ဘော ထွက်ခွာ ရသည့် ရာသီ သည် ယမန်နှစ်များ ထက် နှစ်ပါတ်မျှ နောက်ကျပြီး မှ ရောက်ရှိ လာကြောင်း သိရ သည်။ ထို့ကြောင့် Otso အနေနှင့် အချိန် နောက်ကျပြီး ထွက်ခွာ သွားကြောင်း ဆိပ်ကမ်း အာဏာပိုင်များ က ပြောကြား ခဲ့သည်။

လက်ရှိ အချိန်တွင် ဘော့သ်နီယာ ပင်လယ်ကွေ့ အတွင်း ပိတ်ဆို့ နေသည့် ရေခဲများ မှာ (၅) စင်တီမီတာမှ (၂၀) စင်တီမီတာ အထိ ရှိနေ ကြသဖြင့် သင်္ဘောများ သွားလာရေး အတွက် အနှောင့် အယှက် ဖြစ်နေ ပြီဟု သိရသည်။ ထို့ကြောင့် လည်း ရေခဲခွဲသင်္ဘော Otso သည် အားနည်းသည့် သင်္ဘောများ အတွက် အကူအညီ ပေးရန် အလျင်အမြန် ခုတ်မောင်း သွားခြင်းဖြစ် သည်ဟု ဖင်လန် ရေကြောင်းဌာန က သတင်း ထုတ်ပြန် ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here